Tuesday, May 25, 2010

“ဗုဒ္ဓမြတ်စွာ မွေးနေ့မင်္ဂလာ ။Vesak Day Clelebration & Meditation course (26-5-2010 to 30-5-2010)



လူနတ် ဗြဟ္မာ သတ္တ၀ါ အားလုံး ဆင်းရဲ ဒုက္ခ အပေါင်းမှ လွတ်မြောက် စေလျှက် မအို၊ မနာ မသေ အမြဲနေရာ ဖြစ်သော နိဗ္ဗာန် လမ်းကို ပြပေးတော်မူသည့် မြတ်စွာ ဘုရား၏ ဖွားတော်မူရာ နေ့ရက် အခါ၌ ကမ္ဘာ အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် များက ဗုဒ္ဓနေ့ကို ခမ်းနားစွာ ဆင်ယင် ကျင်းပ ကြမည် ဖြစ်ပါသည်။ကျွန်ုပ်တို့ နေထိုင်ရာ စင်္ကာပူနိုင်ငံ Clementi အရပ်ရှိ မာရ်အောင်မြင် ဘုရားကြီး သီတင်း သုံးတော်မူရာ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ကျောင်းတော်မြတ်၌ ပြည်ထောင်စု မြန်မာ နိုင်ငံတော်မှ သာသနာ ပြုရန် ကြွရောက် လျက်ရှိသော ထူးကြီး ဆရာတော်ဘုရား
ဦးဣန္ဒာဝုဓာဘိဝံသ ၊ မစိုးရိမ် ဆရာတော် ဦးသောမာစာရ၊ Clementi ကျောင်းဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ တို့အပါအ၀င် သံဃာတော်(၁၀)ပါး ဦးဆောင်လျက် မြတ်စွာ ဘုရားရှင်အား ပူဇော် ကန်တော့ ကြပြီးလျှင်-ပါရမီရှင် သူတော်စင် များက ထူးကြီး ဆရာတော် ဘုရား ဦးဣန္ဒာ ၀ုဓာဘိဝံသ ထံမှ တရားတော်နာ ယူခွင့် ရကြ မည်ဖြစ်ပါ၍ အောက်ပါ အစီအစဉ် အတိုင်း ကြွရောက် ကြပါရန် ခင်မင်ရင်နှီးစွာ ဖိတ်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်

နေ့ရက်
၂၈.၀၅.၂၀၁၀( သောကြာနေ့)

အချိန်

နံနက် ၉ နာရီ
သံဃာတော်များနှင့် ပါရမီရှင် ဗုဒ္ဓဘာသာဝင်များ စုဝေးရောက်ရှိပြီး ကျောင်းတိုက် ဆရာတော် ဒေါက်တာဝိစိတ္တ က အဖွင့် စကားပြောရန်။

နံနက် ၉ နာရီ ၁၀ မိနစ်
မစိုးရိမ် ဆရာတော်ထံမှ သရဏဂုံ ၃ ပါးနှင့် ၅ ပါးသီလ သီလခံယူ တည်ဆောက်ပြီးနောက် သံဃာတော် များနှင့် ပါရမီရှင်များ စုပေါင်းပြီး လယ်တီ ဆရာတော်၏ ဗုဒ္ဓ၀င် လင်္ကာများဖြင့် မြတ်စွာဘုရားကို ပူဇော်ကြပါရန်။

နံနက် ၉ နာရီ ၃၀ မိနစ်
ထူးကြီး ဆရာတော်ထံမှ တရားနာယူရန်။

နံနက် ၁၀ နာရီ
သံဃာတော် ၁၀ ပါးတို့အား လှူဖွယ် ၀တ္ထုတို့ဖြင့်လှူဒါန်း ပူဇော်ကြပါရန်။


လိပ်စာ
ဇယျ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရကျောင်းတိုက်
23A Jalan Mas Puteh, Along West Coast Road ,
Singapore 128 628 - Clementi MRT area ,
Take Bus ( 78/285) from NTUC Bust Stop Alight 2 stop Opposite Blk 701 Near ESSO Station

ကြွရောက်လာသော ပါရမီရှင်များအား အလှူရှင် ဒေါ်သုဇာ မိသားစု၊ ကိုကျော်လင်းအောင်+မယဉ်မေထွန်း ၊ ကိုသောကြာ နှင့်အဖွဲ့တို့မှ ဒန်ပေါက် အစရှိသောအာဟာရများဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းပါမည် ။

Vesak နေ. ဗုဒ္ဓနေ.


နိုင်ငံတိုင်းတွင် မိမိတို. ၏ ရိုးရာ အစဉ်အလာ အတိုင်း နေ.၊ ရက်၊ လ၊ နှစ် အမျိုးမျိုးကို သတ်မှတ် ကြသည် ဖြစ်ရာ ပြက္ခဒိန် အမျိုးမျိုး ရှိလေသည်။ Vesak Day နေ.ကို မြန်မာ နိုင်ငံတွင် နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြပါသည်။

မည်သို.ပင် ပြက္ခဒိန် သက္ကရာဇ် တွေ ကွဲပြား သော်လည်း ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ် အဖြစ် ကျင်းပ ပြုလုပ် ခြင်းဖြစ်၍ ကဆုန်လပြည့်ီဗုဒ္ဓနေ့ကို ရည်ညွှန်းခြင်းပင် ဖြစ်ပေသည်။

နေနန်း ရယ်တဲ့ ဖန်သူရိန်။
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြ ပူရှိန်။
ဝိသာခါ ယှဉ်ပြိုင် ၀န်းပါလို.
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ.စွဲ။
ပန်း စကားဝါ
နန်းဘမယာ ကေသီဆင်လို.
ရွှေပြည်ခွင် ဗိုလ်ပါ ပေါင်းရယ်တို.
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်း ကြတယ်
လွမ်းစရာ့ ပွဲ။

မြန်မာတို. ၏ လတကာတွင် ကဆုန်လသည် အမြတ်ဆုံး ဟု အသိ အမှတ်ပြုကြသည် ။ ဤသို. အသိအမှတ် ပြုရာ၌ အကြောင်းတရား လေးပါးရှိ ပါသည်။

ပထမ အကြောင်းမှာ ဂေါတမ မြတ်စွာ ဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှ နိယတ ဗျာဒိတ်ကို ခံယူသည်မှာ ကဆုန် လပြည့်နေ. ဖြစ်သည် ဟူသော အကြောင်းဖြစ်၏ ။

ဒုတိယ အကြောင်းမှာ နိယတ ဗျာဒိတ်ကို ခံယူ ခဲ့ပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ၌ ဂေါတမ မြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်တော် မူ၏ ။

တတိယ အကြောင်းမှာ မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန် လပြည့် နေ.တွင် ဂေါတမ မြတ်စွာ ဘုရားလောင်း တော်သည် ဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော် ကိုရ၍ ဘုရားဖြစ်တော် မူ၏ ။

စတုတ္ထ အကြောင်းကား မဟာ သက္ကရာဇ် ၁၄၈ ခု ကဆုန် လပြည့်နေ.တွင် မလ္လာမင်း တို.၏ အင်ကြင်း ဥယျဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန် စံတော် မူခြင်း အကြောင်းဖြစ်၏။

ဤကဲ.သို. ကဆုန်လ၌ ထူးကဲသော အဖြစ်တို.ကို ဖြစ်တော်မူခြင်းကြောင့် ကဆုန်လကို အမြတ်ဆုံးလဟု မှတ်ယူ ကြပြီးလျှင် ကဆုန် လပြည့်နေ.၌ ညောင် ရေသွန်း ပွဲတော်ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကြသည်။

ညောင်ရေ သွန်းလောင်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော်ရရာ ဗောဓိ ညောင်ပင်ကို ရည်စူး၍ ပူဇော်ခြင်း ဖြစ်သည်။ ထိုဗောဓိ ညောင်ပင်ရှိရာ ဌာနကို ဗောဓိ မဏ္ဍလ ဗောဓိ မဏ္ဍိုင် ဟုခေါ်ဆိုပါသည်။

“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံစဉ်လာဖြင့်၊ မဲဇာရပါသူ၊ တောင်းဆုယူသည်” အစချီသော စာဆိုတော်ကြီး လက်ဝဲသုန္ဒ၏ ရတုကဗျာ ရှိလေသည်။

“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံး ကာလ၊ ရေအခန်း ခြောက်ဆုံး အချိန်၊ ရေပြတ်လပ် သော ကာလဖြစ်သည်။ထို.ကြောင့် သစ်ပင် ပန်းမန် တို.သည် ညိုးနွမ်း ကြကုန်သည် ဖြစ်၏ ။ ဗောဓိ ပင်သည်လျှင် ရေရှား ပြတ်လပ် ညိုးလျော် သော်ကြောင့်
ယင်းကို လန်းဆန်း စိုပြည် လေအောင် ရေသွန်းလောင်း ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ အမှီသဟဲ ပြု၍ ပွင့်တော်မူရာ ဗောဓိ ညောင်ပင်ကို ရေသွန်းလောင်း ခြင်းဖြင့် ညောင်ရေ သွန်းပွဲတော် ပေါ်ပေါက်လာရသည်။

လက်ဝဲသုန္ဒရ အမတ်ကြီးသည် မင်းမျက် သင့်၍ မဲဇာသို. ရောက်နေခိုက်ဝယ် “ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ” အစချီသော ရတုပိုဒ်စုံဖြင့် နေပြည်တော်ကို တမ်းတ ခဲ့ဖူးသည်။

Vesak နေ. တည်းဟူသော နေ.ထူးနေ.မြတ်ကို ဗုဒ္ဓဘာသာဝင် အပေါင်းတို.က ကဆုန်လပြည့်နေ. ဗုဒ္ဓနေ. ဟူ၍ အထိမ်း အမှတ်ကို ကျင်းပခဲ့ကြသည်မှာ မြန်မာ နိုင်ငံ၌သာမက စင်္ကာပူ၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ တို.၌ လည်း ယင်းတို. ၏ သဘာဝ နှင့် အညီ စည်ကားစွာ ကျင်းပခဲ့ ကြပါသည်။

ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဖာန် စံဝင် တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ လူမျိုးတို့ အမွန်အမြတ် ထားသော ပွဲတော် တစ်ရပ် ဖြစ်ပါသည်။

Vesak နေ. ဗုဒ္ဓနေ. ဆိုတဲ့ အကြောင်းလေးကို ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ ၏ ကျောင်း တော် ၌  ( Vesak Day )
နေ. တွင် ကျင်းပ ပြုလုပ်မည့် မြတ်ဗုဒ္ဓ၏ မွေးနေ. မင်္ဂလာ အတွက် လှူဒါန်းရေးသား ကုသိုလ်ပြု ပါသည်။

ကျန်းကိုး - မောင်ထင်၏ မြန်.မာ့ ဆယ့်နှစ်လရာသီ


Myanmar's New Passport MRP ( Machine Readable Passport) နှင့် သိသင့်သည်များ

နိုင်ငံကူးလက်မှတ် သက်တမ်း တိုး ဆောင်ရွက်သူများ အနေဖြင့် စက်ဖြင့် ဖတ်ရှုနိုင်သည့် ဘားကုတ်စနစ်သုံး နိုင်ငံကူးလက်မှတ် အသစ်များကို ထုတ်ယူပြီးပါက မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ အပ်နှံရမည့် နိုင်ငံကူးလက်မှတ် အဟောင်းများတွင် ဗီဇာ သက်တမ်းကျန်ရှိနေပါက ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်ရာတွင် နိုင်ငံကူးလက်မှတ် အဟောင်းများအား သက်ဆိုင်ရာက သိမ်းဆည်းပြီး၊ စက်ဖြင့် ဖတ်ရှုနိုင်သည့် နိုင်ငံကူးလက်မှတ် အသစ်များကို ထုတ်ပေးလျက်ရှိပါသည်။ ယင်းသို့ နိုင်ငံကူးလက်မှတ် အသစ်
များကို ထုတ်ပေးထားသော်လည်း သက်တမ်းတိုး ဆောင်ရွက်သူ အချို့၏ နိုင်ငံကူး လက်မှတ်
ဟောင်းများတွင် ဗီဇာသက်တမ်း ကျန်ရှိနေပါက အဆိုပါ ဗီဇာထုတ်ပေးသည့် နိုင်ငံသို့ သွား
ရောက်လိုပါက ဗီဇာပါရှိသည့် နိုင်ငံကူးလက်မှတ်ဟောင်းကို ပြန်လည်ထုတ်ယူ ကိုင်ဆောင်
နိုင်ကြောင်းလည်း သိရသည်။

စက်ဖြင့် ဖတ်ရှုနိုင်သည့် နိုင်ငံကူး လက်မှတ်စနစ်ကို မကူးပြောင်းမီ အချိန်က နိုင်ငံကူးလက်မှတ်
များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် သက်တမ်းတိုး ဆောင်ရွက်မည့်သူ ကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ် တွင် စာရွက်လွတ်များ ကျန်ရှိနေပါက ယင်းစာရွက်တွင် သက်တမ်းတိုးကြောင်း အထောက်အထားများ ရေးသွင်းပေးသည့်စနစ်ကို ကျင့်သုံးပြီး စာရွက်အပို အလွတ်မရှိပါက စာအုပ် အသစ်တစ်အုပ် ထုတ်ပေးခြင်းမျိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စာအုပ်အသစ် ထုတ်ပေးသော်လည်း စာအုပ်အဟောင်းတွင် ဗီဇာသက်တမ်းရှိနေပါက ယင်းစာအုပ်အဟောင်းကိုပါ ကိုင်ဆောင်ခွင့် ပြုထားကြောင်းသိရသည်။
စတင် ထုတ်ပေးနေသော စနစ်သစ်ပုံစံယခု စနစ်သစ်တွင်မူ နိုင်ငံကူး လက်မှတ်ဟောင်းများအား ဘား ကုတ်စနစ် ထည့်သွင်းထားသည့် နိုင်ငံကူးလက်မှတ်အသစ် စတင်သုံးနေပြီ ဖြစ်သည့်အတွက် လက်ရေးစနစ်သုံး နိုင်ငံကူး လက်မှတ်ဟောင်းများကို ပူးတွဲကိုင်ဆောင်ခွင့်ပေးမည် မဟုတ်ဘဲ အဆိုပါ နိုင်ငံကူး လက်မှတ်ဟောင်းများတွင် ဗီဇာသက်တမ်း ရှိပါက ဗီဇာသက်တမ်း ကုန်ဆုံးချိန်တွင် သက်ဆိုင်ရာ ဗီဇာထုတ်ပေးသည့် နိုင်ငံရှိရာ မြန်မာနိုင်ငံသံရုံးများတွင် အပ်နှံကြရမည်ဖြစ်သည် ဟု သိရသည်။

' ကျွန်မရဲ့ ပတ်စ်ပို့သက်တမ်း က မေလမှာ ကုန်မှာပါ။ အိမ်ကိုလည်း ပြန်ဖြစ်သွားအောင်၊ ပတ်စ်ပို့သက်တမ်းလည်း တိုးရင်းနဲ့ ဧပြီလဆန်းပိုင်းမှာ မြန်မာနိုင်ငံပြန်လာခဲ့ပါတယ်။ အခု သက်တမ်း
တိုးတဲ့အခါ၊ စက်နဲ့ဖတ်တဲ့ ဘားကုတ်စနစ်နဲ့ ဆိုတော့ ကုန်ကျစရိတ်လည်း အရင်ကထက် နည်းနည်း ပိုကျခဲ့ပါတယ်။ ပတ်စ်ပို့စာအုပ်အသစ် ရခဲ့ပေမယ့် ဗီဇာတုံးက စာအုပ်အဟောင်းမှာ ရှိတဲ့အတွက် ပတ်စ်ပို့ရုံးမှာပဲ လျောက်လွှာတင်ပြီး စာအုပ်အဟောင်းကို ထုတ်ယူရတယ်။ အဲဒီအတွက် စင်ကာပူ မှာရှိတဲ့ မြန်မာသံရုံးမှာ သုံးလအတွင်း စာအုပ်အဟောင်းကို ပြန်လည်အပ်နှံပါမယ် ဆိုတဲ့ ခံဝန်
လက်မှတ်တော့ ရေးထိုးခဲ့ရပါတယ်'' ဟု စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦး
က ပြောပြခဲ့ပါသည်။
(The Union of Myanmar Embassy issued new laws and regulations. Startedby 20th May 2010, we can't extent our passport any more. we need toapply a new passport MRP ( Machine Readable Passport). At first weneed to pay all the taxes until Dec 2009. The processing time is oneweek to two weeks. They will give you the date to collect your new
passport. We have to pay for a new passport S$150 n Singapore)

www.news.eleven.com မှ ကူးယူဖော်ပြပါသည်၊

Monday, May 24, 2010

ထူးကြီးဆရာတော် အရှင်ဣန္ဒာဝုဓာဘိဝံသ၏ ၀ိပဿနာ (၅) ရက် အလုပ်ပေးစခန်း

ဓမ္မမိတ်ဆွေ သူတော်စင်  အပေါင်းတို့ခင်ဗျာ

ထူးကြီးဆရာတော် အရှင်ဣန္ဒာဝုဓာဘိဝံသ၏ ၀ိပဿနာ (၅) ရက် အလုပ်ပေးစခန်း နေ့စဉ်တရားပွဲအချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ။

1:00pm~2:00pm.   ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားတော်များ
2:00pm~2:30pm  နားချိန်
2:30pm~3:30pm. တရားထိုင်ချိန် ( ထူးကြီးဆရာတော်မှ တရားထိုင်ပုံနည်းလမ်းညွှန်ပေးမည်ဖြစ်ပါသည်။ )
3:30pm~4:00pm. နားချိန်
4:00pm~5:00pm.  တရားထိုင်ချိန်  (မိုးကုတ်ဆရာတော်ဘုရားကြီး ၏ တရားခွေဖြင့် နည်းလမ်းညွှန်ပေးမည်ဖြစ်ပါသည်။ )
5:00pm~5:30pm.   နားချိန်
5:30pm~6:30pm.  သစ္စာ (၄)ပါး  တရားတော်များ


နေ့ရက်။          ။ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) မှ ၃၀ ရက် (တနင်္ဂနွေနေ့)ထိ

အချိန်။            ။ နေ့လည် ( ၁ ) နာရီမှ ညနေ ( ၆ ) နာရီခွဲအထိ။

နေရာ။            ။ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)
                     23A Jalan Mas Puteh, Along West Coast Road ,
                     Near Esso, Oppostie Blk 701, Singapore 128628

ပတ္တမြားမြေ (၂) ။ Ruby Land




မိုးကုတ်မြို.ဆိုတာ ကျွန်မ ဖေဖေ ကြီးပြင်းခဲ့ မြို.လေး ဖြစ်သလို ကျွန်မ ဟိုးငယ်ငယ် ကလေး ဘ၀တုန်းက မိုးကုတ်မှာ နေခဲ့ ရတဲ့ ဘ၀လေးကို စိတ်ကူး တွေနဲ့ လှမ်းမျှော် တွေးမိတိုင်း ပုံရိပ်တွေက ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပေါ်လာ မြဲပဲလေ။ မေ့လုမေ့ခင် ဖြစ်နေတဲ့ အတိတ်က အဖြစ်အပျက် ကလေးတွေကို ပြန်လည် အမှတ်ရ ရတာ ကြည်နူး စရာလေး တစ်ခုပါပဲ။

ကျွန်မ အဖေ ပြောပြခဲ့တဲ့ မိုးကုတ်ဆိုတဲ့ သမိုင်းလေးကို ဖောက်သည်ချ လိုက်ဦးမယ်။ မြန်မာ သက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ် စော်ဘွားကြီး သိုဟန်ဖက် လက်ထက်မှာပေါ့။ ရှမ်းမုဆိုး သုံးယောက်ဟာ တောလည် ထွက်ရင်း မျက်စေ့လည် လမ်းမှားပြီး အပြန်လမ်းကို လမ်းစ ရှာမတွေ.ပဲ ဖြစ်နေ ခဲ့ကြတယ်။ အဲဒီမှာ မိုးလည်း တော်တော်ချုပ် သွားတာကြောင့် တောင်ခြေရင်း မှာရှိတဲ. သဖန်းပင်ကြီး တစ်ပင်အောက်မှာ အိပ်လိုက် ကြပါသတဲ့။

နံနက် မိုးသောက် အလင်းရောက်လို. ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ အနီးမှာ ပြိုကျနေတဲ့ တောင်စောင်း တစ်ခုရဲ့ အပေါ်က ကောင်းကင်ယံမှာ ပျံဝဲ အော်ဟစ် နေတဲ့ ကျီးများ၊ စွန်များကို ထူးထူးခြားခြား တွေ.မြင် ရတာကြောင့် သွားရောက် ကြည့်ရှုခဲ့ကြရာ အသားတစ် ပမာနီမြန်း နေတဲ့ ပတ္တမြား ကျောက်အနီ များကို တွေ.ရသတဲ့။ ဒါနဲ့ ပတ္တမြားတွေကို ယူဆောင်ခဲ့ကြပြီး မိမိတို့ အရှင်သခင် စော်ဘွားကြီးထံကို ဆက်သ ခဲ့ကြပါတယ်။ စော်ဘွားကြီး ကလည်း ဆက်သလာတဲ့ ပတ္တမြား ကျောက်နီတွေကို လက်ခံယူပြီး တန်ဖိုး ရှိမှန်း သိတာကြောင့် ထိုနေရာအား လိုက်လံ ပြသခိုင်းပြီး စောင့်ရှောက် စေခဲ့ပါတယ်။ သဖန်းပင် အနီးရှိ ထိုပတ္တမြားတွေ ထွက်ရှိတဲ့ မြေကို စောင့်ရှောက်ရန် တာဝန်ကျ သူများက သဖန်းပင်ကြီး အနီးတွင် ရွာတည်ပြီး နေခဲ့ကြရာမှ သဖန်းပင်ရွာဟု အမည်တွင် ခဲ့တယ်။
ထို့ကြောင့် မိုးကုတ်အစ သဖန်းပင်ကလို. မိုးကုတ်မြို. ဖြစ်ပေါ်လာပုံ သမိုင်းမှာ ရေးသား ဖော်ပြ ခဲ့ကြတယ်လေ။ ဒီသဖန်းပင် ရွာ အနီးတစ်ဝိုက်ဖြစ်တဲ့ ရေပူ၊ သဖန်းပင် ၊ကျောက်ဆောင် ဆိုတဲ့ နေရာတွေမှာ ရှေးက ကျောက်ကြီး၊ ကျောက်ကောင်းတွေ ထွက်ခဲ့တဲ့ နေရာ တွေပေါ့။

အဲဒီ သဖန်းပင်ရွာမှာ ပတ္တမြားတွင်းတွေကို စောင့်ရှောက် တာဝန်ယူရတဲ့ ရှမ်းလူမျိုးတွေဟာ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်း နေရာမှာ လယ်ယာများ သွားရောက် လုပ်ကိုင် စိုက်ပျိုးကြတဲ့အခါ အခြား နေရာများထက် မှောင်လွယ် သောကြောင့်  စောစော ပြန်ရသဖြင့် မိုးချုပ် စောသောမြို့ (မိုးချုပ်မြို့) ဟု ခေါ်ရာမှ မိုးကုတ် ရယ်လို. အမည်တွင် လာတယ်လို့ ဆိုကြတယ်။

သို.သော် မိုးကုတ် ဆိုတဲ့ အမည် ခေါ်တွင် လာပုံလေးကို တော့ အယူအဆ အမျိုးမျိုး နဲ့ ဖော်ပြထား ကြပြန်တယ်။ အခြား အယူအဆ တစ်ခုကတော့ မိန်းကတ် ဟူသော ရှမ်းစကားမှ ဆင်းသက်လာတယ် လို. ဆိုပါတယ်။ ဆိုလိုရင်းမှာ မိန်းဆိုသည်မှာ မြို့၊ ကတ်ဆိုသည်မှာ အေးချမ်းခြင်းဟု ဖြစ်ပြီး အလွန် အေးချမ်းသောမြို့ (မိန်းကတ်) ဟုခေါ်ရာမှ မိုးကုတ် လို.ဖြစ်လာတယ် လို. ယူဆကြပြန်သေးတယ်။

တစ်ချို. သော အယူအဆ များကလည်း (မိန်းကွတ်)ဟူသော ရှမ်းစကားမှ ဆင်းသက်လာပြီး မိန်းဆိုသည်က မြို.၊ ကွတ်ဆိုတာက ကွေ့ကောက်ခြင်း ဖြစ်ပြီး၊ ကွေ့ကောက် နေသောမြို့ မိန်းကွတ်လို. ခေါ်ရာမှ ကာလ ကြာတဲ့အခါ မိုးကုတ် ရယ်လို. ဖြစ်လာတယ်လို. ဆိုကြပြန်တယ်။ တဖန် {မိန်းကု(ပ)} ဟူတဲ့ ရှမ်းစကား ကနေ ဆင်းသက် လာပြီး မိန်း ဆိုသည်မှာ မြို့၊ ကု(ပ)ဆိုသည်မှာ ခမောက်ဖြစ်ပြီး မိုးကုတ်မြို့မှာ ချိုင့်ဝှမ်းထဲတွင် တည်ထားရာ ခမောက်ကို လှန်ထား သကဲ့သို့ ရှိသောကြောင့် ခမောက်မြို့ မိန်းကွတ်ဟု ခေါ်ရာမှ မိုးကုတ် ဆိုတဲ့အမည် ဖြစ်လာခဲ့ တယ်လို့ ဆိုကြ ပြန်ပါတယ်။

မိုးကုတ် ဆိုတဲ့ အမည်ကို သမိုင်းလေ.လာ သူတွေရဲ့ အယူအဆတွေ အမြင်တွေ အမျိုးမျိုး ရှိခဲ့သော်လည်း ပတ္တမြား မြေ ဆိုတဲ့ ဒီမြို့ကလေးက ကမ္ဘာမှာ ထင်ရှားတဲ့ မြို့ကလေး။ ကမ္ဘာ့ အကောင်းဆုံး အရည်အသွေး ပြည့်မှီတဲ့ ကျောက်သံ ပတ္တမြားတွေကို မွေးထုတ် ပေးရာ နေရာ ဒေသလေး တစ်ခုပေါ့။ ခေတ်အမျိုးမျိုး ပြောင်းနေသလို တင်းထွက်ပစ္စည်း တွေလည်း သုံးမကုန်အောင် အမျိုးမျိုး လိုက်ထွက်ပေး နေတဲ့ မြို.လေးတစ်မြို.ပါ။

နွေရာသီဆို နေလို. သိပ်ကောင်းတယ်။ မိုးတွင်းဆိုလည်း မိုးများတယ်၊ ဆောင်းတွင်း ဆိုလည်း ချမ်းတယ်၊ တောင်ပေါ် ဒေသဖြစ်ပြီး အေးမြတဲ့ ရာသီဥတု ရှိတဲ့အတွက် တောင်ပေါ်သူလေး တွေရဲ့ ဖြူဖွေးနေတဲ့ ပါးပြင် မို့မို့ဖောင်းဖောင်း လေးတွေဟာ ပတ်ကြားလေးတွေ အက်နေတတ်တာကြောင့် ပါးပြင်မို.မို.မှာ နီရဲနေတတ်ပြီး ပါးနီတောင် ခြယ်နေစရာ မလိုပဲ လှတဲ့ တိုင်းရင်းသူ အလှမျိုး ကိုတွေ.ရတယ်။ ချယ်ရီတွေလည်း ပွင့်တယ်။ မိုးကုတ်သူ တွေကလည်း လှတယ်ပေါ့။

ကျွန်မ ငယ်ငယ်တုံးက သူငယ်ချင်း လေးယောက်ရှိတယ်။ အရွယ်တူ၊ အတန်းတူ ၊ အိမ်နီးချင်းတွေလေ။ ကျောင်းသွား ရင်လည်း အတူတူ၊ ကစားလည်း အတူတူ ကစားကြတာပေါ့။ တစ်ယောက်က မုံရွှေရည်၊ တစ်ယောက်က ခင်မိုးအေး၊ တစ်ယောက်က ၀င်းဝင်းမာတဲ့။ ကျွန်မတို့ လေးယောက်လုံးက မိုးကုတ်မြို. ၊ မြို.မရပ်ကွက်မှာ အတူတူ နေခဲ့ကြတာ။ ကျွန်မနဲ့ ခင်မိုးအေးက အိမ်ချင်းကပ်ရက်၊ မုံရွှေရည်နဲ့ ၀င်းမာက အိမ်ချင်း ကပ်ရက်။ ကျွန်မတို. နေခဲ့တဲ့ ကျောင်းက ရှမ်းတော အ-လ-က မှာ အတူတူနေ ခဲ့ကြတာပေါ့။

ငယ်ငယ်ကတော့ ကစားနည်းတွေက လည်းစုံလို. ထုတ်စီးတိုးတမ်း၊ ရှပ်ဒိုးပစ်တမ်း၊ တူတူပုန်းတမ်း၊ ခုန်၊ပေါက်၊ ပြေးလွှား၊ ကစားကြတာ၊ သိပ်ပျော်စရာ ကောင်းတယ်။ ကျွန်မတို. လေးယောက် နေအိမ်နဲ့ ချမ်းသာကြီးတောင်လို့ ခေါ်တဲ့ ချမ်းသာကြီး ဘုရားနဲ့က နီးနီးလေးလေ၊ ချမ်းသာကြီး တောင်ပေါ်ကို တက်တဲ့ လှေကားထစ်တွေကို အပြေးအလွား တက်ကြ၊ ဘယ်သူအရင် တောင်ထိပ် ပေါ်ရောက် သလဲ ပြိုင်ကြသေးတာ။ ချမ်းသာကြီး တောင်ပေါ် ကနေကြည့်လိုက်ရင် မိုးကုတ်မြို.ရဲ့ ရူခင်း အလှကို ထင်ထင်ရှားရှား တွေ.ရပါတယ်။

မိုးရွာတဲ့ အချိန်လေးပဲ အိမ်မှာ ခဏလေး နေလိုက်တယ်။ မိုးရွာ ပြီးတာ နဲ့ တစ်ပြိုင်နက် လမ်းပေါ်မှာ ကျောက်လေးတွေက သူ့ဟာသူ့ ပေါ်နေ တတ်တယ်။ ဒါလေးတွေကို လမ်းမပေါ် သွားပြီး ကျောက်ရှာ တယ်ဆိုပြီး တုတ်လေး တစ်ချောင်းနဲ့ ဂဲတွေကို ဖယ်ပြီး ကျောက်လေး တွေကို ကောက်ယူပြီး ကျောက်ရောင်းတမ်း ကစားကြတာ ခုထိ သတိရ မိတယ်။ စက္ကူတွေကို အပိုင်းပိုင်းဖြတ် ပိုက်ဆံ လုပ်ပြီး၊ ကျောက် အရောင်းအ၀ယ် လုပ်တမ်း ကစားတဲ့အခါ ထာပွဲ ထဲမှာ ကျောက်ရောင်းအ၀ယ် ပြုလုပ်တဲ. အခါ လူကြီးတွေ သုံးနူန်းတဲ့ အသုံး အနူန်းတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် လူကြီး စတိုလ်ဖမ်း စကား အခြေအတင်နဲ့ ပြောဆိုပြီး ကစားကြတာပေါ့။

ကျောက်ရောင်းတဲ့သူက ၀ယ်တဲ့သူကို ဟန်ပါပါနဲ့ အမ ကျွန်မဆီမှာ အနီ၊ အပြာရှိတယ် ကြည့်မလားဆို။ ၀ယ်တဲ့ သူကလည်း “ကြည့်မယ်လေ ပြပါဦး” ဆိုရင် ရောင်းတဲ့ သူကလည်း ဟန်ဟန်ပါပါနဲ့ ထုတ်ထားတဲ့ ကျောက်ထုတ်ကို ဖြည်ပြပါတယ်။ ပြီးရင် (ကာရပ်) ကလပ်ချိန်က ဘယ်လေက်၊ (တကာရပ်) တကလပ်ကို ဘယ်ဈေးလဲဆို ဈေးကို သတ်သတ်မှတ်မှတ် မပြောပဲ ရောင်းတဲ့သူက ပညာသားပါပါနဲ့ ဆယ်ကြီး ပိုင်းတို. ၊ ရာကြီးပိုင်းတို.၊ ထောင်ကြီးပိုင်းတို့ ဆိုပြီးဈေး စကားပြောတယ်။ အမ “ကြိုက်ရင် ဈေးပေးကြည့်လေ” ဆိုရင်။ အဲဒီမှာ ကျောက်ကြည့် တတ်တဲ့ ပညာ၊ ကျောက်ကို နားလည်တဲ့ပညာက အရေးကြီးဆုံး ပဲလေ။ ကျောက်ရဲ့ပမာဏ၊ ကျောက်ရဲ့ အရည်အသွေး၊ ကျောက်ရဲ့ အရည်အချင်း ကျောက်ရဲ့ အပြစ်အနာအဆာကင်း မကင်းပေါ် မူတည်ပြီး ဈေးဖြတ် ရတော့မယ်လေ။ ငယ်ငယ်က ကျောက်ရောင်းတမ်း ကစားတုံးကတော့ ဟိတ်ကြီးဟန်ကြီး လုပ်ပြီး ဈေးဆစ် လိုက်တာပေါ့ ။
တကယ်တော့ ကျောက်မျက် ရတနာ ပညာဟာ အဖိုးမဖြတ်နိုင်တဲ့ အတတ်ပညာ တစ်ခုပါ။

မိုးကုတ်မြို. သူမြို.သားတွေဟာ ကျောက်အရောင်းအ၀ယ် လုပ်တဲ့နေရာဖြစ်တဲ့ ထာပွဲဆိုတဲ့ နေရာလေးကို သွားကြတာကို ထာဝဲဆင်း တယ်လို.ခေါ်ကြတယ်။ ထာပွဲဆိုတာ မိုးကုတ်ကျောက် ဈေးကွက်ရဲ့ အခြေခံ အကျဆုံးနေရာ ကျောက်မျက် ဈေးကွက်တွေရဲ့ သတင်းတွေ အားလုံး စုံလင်စွာ ကြားရတဲ့နေရာ တစ်ခုပေါ့။ ဒါကြောင့် မိုးကုတ်မြို.သူ မြို.သားတွေ ရဲ့ မသွားမဖြစ်တဲ့ နေရာလေး တစ်ခုပေါ့။

ထာပွဲလို. ခေါ်ဆိုရတဲ့ အကြောင်းလေး ကတော့ ရှေးရှေးက ကျောက်မျက် ရတနာတွေ ပေါများတဲ့ အတွက် ကျောက်ပြ တဲ့အခါ “ထာ” လို.ခေါ်တဲ့ ကြေးလင်ဗန်းကြီး များမှာ ထည့်ပြီး ပြရတဲ့အတွက် ထာလို.ခေါ်ပြီး ပွဲဆိုတာကတော့ အရောင်းအ၀ယ် နေရာဌာနကို ခေါ်ပါတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ နေထိုင်တဲ့ ယောက်ျားလေး တော်တော်များများက ကျောက်တွင်း လုပ်ကြတယ်။ တွင်းကထွက်လာတဲ့ ကျောက်တွေကို အရိုင်း အတိုင်း(မသွေးရသေးသောကျောက်) အနေနဲ့သော်လည်းကောင်း ၊ အရိုင်းကျောက်များကို အယဉ် (သွေးပြီးသားကျောက် အနေနဲ့ လည်းကောင်း ) ထာပွဲဆိုတဲ့ ကျောက် ၀ယ်ရောင်း လုပ်တဲ့နေရာ ကိုရောက်လာပြီး ဈေးကွက်တင် ရောင်းချ ကြတယ်။ သွေးပြီးသား ကျောက်တွေကို တော့ ကျောက်ချိန်အတိုင်း (ကာရပ်) ကလပ်ချိန်ဈေးဖြင့် ပြန်ရောင်းကြပါတယ်။ကျွန်မ ငယ်ငယ် ဘ၀တုန်းက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်က ဆိုရင်ပေါ့၊ မိုးကုတ်မြို့သူ မြို့သားတွေ အားလုံးဟာ အတော်ကို အဆင်ပြေ ခဲ့ကြတာပေါ့။

ခုတော့ မြို.ကလေးကို အဝေးကနေ စိတ်ကူးတွေနဲ့ လှမ်းမျှော် ကြည့်တော့ ဟိုးတုံးကလို စိမ်းဆိုလှပ သာယာ နေနိုင်ဦး မည်လား။ မိုးကုတ်မြို.လေး အေးချမ်း နေဆဲပဲလား။ ဟိုးအရင်တုံးက မိုးကုတ်မြို.သူ မြို.သားတွေရဲ့ အသက်၊ သွေး၊ ချွေး တွေနဲ့ ရင်းပြီး သူ.ရဲ့ မြေဆီလွှာ တွေကို တူးဖော်လိုက်တိုင်း မိခင်မြေကြီးရဲ့ အသွေးအသား တွေဟာ ကျောက်သံ ပတ္တာမြား ရောင်စုံတွေ အဖြစ် အသွင် ပြောင်းရင်း အသက်ဆက် ပေးနေခဲ့တယ်။ ခုချိန်မှာရော သူထမ်းပိုးထားတဲ့ မြို့သူ မြို့သားတွေ၊ အတွက် အရင်ကလို သူပေးဆပ် နေဆဲပဲလား။ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ ဗလဗွနဲ့ သူ.ရဲ့ အသွေးအသား တွေရော ကုန်ခမ်းလုပြီလား? သူဘယ် အချိန်၊ ဘယ်ကာလ ထိများ တောင့်တင်း ခံနေနိုင်ဦး မှာပါလိမ့်။ ကျွန်မ သေသေ ချာချာ မသိနိုင်တော့ပါဘူး။

မြို့ကလေးကို စွန်.ခွာပြီး ဆယ်စုနှစ် သုံးခုလောက် လွန်အောင် ဘ၀ခရီး ရွှေ.ရှား စီးမျော နေခဲ့ပါတယ်။ ထိုခရီး ဘယ်အချိန်ထိ ဘယ်နေရာထိ သွားလို. နေအုံးမည်လဲ ဆိုတာလည်း ကျွန်မ မသိသေးပါ။ တစ်ချိန်ချိန် မှာတော့ ကျွန်မ မွေးစား မိခင် ဖြစ်တဲ့ မိုးကုတ် မြို့ကလေးကို ကျွန်မ တစ်ခေါက် လောက် ချွေးသိပ် ချင်ပါသေးတယ်။ ခုတော့ ကျွန်မ ငယ်သူငယ်ချင်း အားလုံးဟာ မတူညီသော ဘ၀တွေကြားမှာ မေစိုး ဆိုတဲ့ နာမည်လေး တစ်လုံးမျှသာ သိနေတယ် ဆိုတဲ့ အသိလေး နဲ့ပဲ ဘ၀အမော တွေကြား ခရီးတွေ သွားနေကြဆဲ ပါပဲလေ။
ရေးသားသူ-မေစိုး (Shwe Mandalay)

မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်မှစ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိရသည်။ အဆိုပါဈေးသည် မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ အပါအ၀င် မီးငြိမ်းသတ်မှုကို ယခုအထိ(နံနက် ၉ နာရီ ၄၅ မိနစ်)မီးငြိမ်းသတ်မှု ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ (ကျန်သတင်း အချက်အလက်များနှင့် ဓာတ်ပုံများကို ဆက်လက်ဖော်ပြ ပေးသွားပါမည်။)

အသက် ၁၃ နှစ်အရွယ်ရှိ အငယ်ဆုံး တောင်တက်သမား ဂျော်ဒန်ရိုမီယို (Jordan Romero)




အသက် ၁၃ နှစ်အရွယ်ရှိ အငယ်ဆုံး တောင်တက်သမားလေး ဂျော်ဒန်ရိုမီယို (Jordan Romero) သည် ပြီးခဲ့သော မေလ ၂၂ ရက်နေ့က ကမ္ဘာ့အမြင့်ဆုံး ထောင်ထွဋ်ဖြစ်သော ဧဝရက်တောင်ကို တက်ရောက်နိုင်ခဲ့ရာ တောင်ထိပ်မှ အမေရိကန် ကယ်လီဖိုးနီးယားရှိ မိခင်ဖြစ်သူကို ဂြိုလ်တုဖုန်းဖြင့် စကားပြောခဲ့သည်။

‘မေမေ.. ကျွန်တော် ကမ္ဘာကြီးရဲ့ ထိပ်ဆုံးနေရာကနေ မေမေ့ကို စကားပြောနေတယ်’ ဟုပြောခဲ့ကြောင်း သားဖြစ်သူ၏ လုပ်ဆောင်ချက်များကို ဂြိုလ်တုစနစ်သုံး တည်နေရာပြ စနစ် (GPS) ကိုအသုံးပြုပြီး စောင့်ကြည့်နေလေ့ရှိသော ကယ်လီဖိုးနီးယားရှိ မိခင်က ပြောကြားပါသည်။

နီပေါနိုင်ငံရှိ ပင်လယ် ရေမျက်နှာပြင် အထက် ပေပေါင်း ၂၉,၀၃၅ ပေ မြင့်သော ကမ္ဘာ့အမြင့်ဆုံး ဧဝရက် ထောင်ထွဋ် ကို တက်ရောက်ပြီးနောက် ဂျော်ဒန်ရိုမီယို သည် တိုက်ကြီး ၇ တိုက်လုံးရှိ အမြင့်ဆုံးတောင်များကို တက်နိုင်ခဲ့သည့် လူတစ်ယောက် အဖြစ် စာရင်းဝင်ပြီဟု သိရသည်။ သူ၏ ဧဝရက် တောင်တက်ခရီး စတင်စဉ်ကပင် “ကျွန်တော် ကလေးဘဝထဲက တစ်နေ့မှာ ကမ္ဘာကြီးရဲ့ အမြင့်ဆုံးနေရာမှာ ခြေချနိုင်မယ်လို့ စိတ်ကူးအိပ်မက် မက်ခဲ့တာပါ” ဟု အီးမေလ်းတစ်စောင်တွင် ရေးသားခဲ့သေးသည်။
PatheinCity News | Source:NewYorkTimes

Sunday, May 23, 2010

(မေလ 23 ရက် )တနင်္ဂနွေနေ့ ( ည ၅ နာရီ မှ ၆:၃၀ နာရီ အထိ ) နေရာ- Informatics Centre, Jurong East


ဒုတိယနေ့ တရားပွဲ အစီအစဉ်


နေ့ရက်- ၂၃ ရက် မေလ တနင်္ဂနွေနေ့ ( ည ၅ နာရီ မှ ၆:၃၀ နာရီ အထိ )
နေရာ- Informatics Centre, Jurong East


၅ ရက်တရားစခန်းပွဲ အစီအစဉ်


နေ့ရက်- မေလ ၂၆ ရက် မှ ၃၀ ရက် ( ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့ အထိ )
အချိန်- နေ့လည် ၁:၀၀ နာရီ မှ ၆:၃၀ နာရီ အထိ
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)


အထူး အစီအစဉ်များ
ပဋ္ဌာန်းစုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
နေ့ရက်- ၂၈ ရက် မေလ သောကြာနေ့ (Vesak Day)
အချိန်- ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)


ဓမ္မစကြာ စုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
နေ့ရက်- ၂၉ ရက် မေလ စနေနေ့ ( ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ )
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)





တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်
တရားပွဲများကို အောက်ပါ Website များမှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။

1. http://www.lotusdhamma.blogspot.com

2. http://www.apytz.net အဖြူရောင်သံစဉ်

3. http://www.livedhamma.com



ဆရာတော် အတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ကပ်လှူလိုသူများ နှင့် တရားပွဲဖြစ်မြောက်ရေး အတွက် ပါဝင်လှူဒါန်းလိုသူများ အောက်ပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ သို့ ဆက်သွယ်လှူဒါန်းနိုင် ပါသည်။

ဆက်သွယ်ရန်-


ဆရာတော် ဒေါက်တာဦးဝိစိတ္တ ( ဖုန်း - ၆၇၇၈၁၆၇၈)
ဦးကြည်ထွန်းDavid (ဖုန်း -၉၁၇၆၁၉၆၄) + ဒေါက်တာဒေါ်လဲ့လဲ့မိုး (ဖုန်း- ၉၁၀၈ ၂၂၆၄ )
ဒေါ်မူမူအေး (ဖုန်း- ၉၄၅၂ ၄၂၇၃)
ကိုထွန်းအောင် ကျော် ( ဖုန်း- ၉၈၅၁ ၇၁၉) + မအေးနုခင် ( ဖုန်း- ၈၁၀၉ ၂၀၃၅ )
မခင်လေးမွန် (ဖုန်း - ၉၀၀၆ ၇၀၁၀)
မနှင်းရီလွင် (ဖုန်း - ၉၂၇၀ ၇၆၄၅ )

JAYAMANGALA BUDDHIST VIHARA ( Clementi Temple )
23A Jalan Mas Puteh, Along West Coast Road , Near Esso, Oppostie Blk 701, Singapore 128628
Tel:(65) 6778-1678
Mobile:(65) 8123-0769
jayamangala.bv@gmail.com

http://www.anantametta.org/

Saturday, May 22, 2010

ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်တရားပွဲများကို ကြွရောက် နာကြားဖို့ ဖိတ်ခေါ်ပါရစေ.


ဓမ္မမိတ်ဆွေအပေါင်းတို့........ 
ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်တရားပွဲအစီအစဉ်များ
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးသည် ၁၉၆၂ခုနှစ်တွင် ခန္ဓာဝန်ချတော်မူခဲ့ပြီး၊ ဓါတ်တော်များ ကြွင်းကျန်ရစ်၍ ရဟန်းန္တာ အဖြစ် သာဓကရှိခဲ့သည်မှာ ယခု ဆိုလျှင် ၄၈နှစ်တာကာလသို့ ရောက်ရှိခဲ့ပါပြီ။
မိုးကုတ်ဆရာတော်ဘုရားကြီးက `ငါမရှိတဲ့နောက်ပိုင်း ငါရဲ့တရားတွေပြန့်ပွားလိမ့်မယ်၊ ကြိုးစားပြီး အသံဖမ်းထားကြ` ဟု အမျှော်အမြင်ကြီးစွာ မိန့်ဆိုခဲ့မှုကြောင့် ထိုခေတ်အခါက ရနိုင်သမျှ technology ဖြင့် ၁၉၅၃ မှ ၁၉၆၂ထိ ဟောကြားခဲ့သော တရားတော်အပုဒ်ပေါင်း ထောင်ကျော်မက၏ အသံတော်များကို ဖမ်းယူနိုင်ခဲ့သဖြင့် ယခုအခါ ဆရာတော်ဘုရားကြီး၏ MP3 အသံတော်များကို ဓမ္မစေတီများအဖြစ် ယနေ့ခေတ် ဓမ္မမိတ်ဆွေများက ဆက်လက် လေ့လာ၊ နာယူ၊ မှတ်သား နေကြဆဲဖြစ်ပါသည်။
ထူးကြီးဆရာတော်ကြီးကလည်း မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမမှု ဝိပဿနာ တရားကျင့်နည်းစနစ်များကို ထူးကဲစွာ လေ့လာခဲ့သည့်အလျောက် မိုးကုတ် ဆရာတော်ဘုရာကြီး၏ ဥပနိဿယခံအဖြစ် ချွင်းချက်မရှိ ခံယူခဲ့ပြီး မိုးကုတ် ဆရာတော်ဘုရားကြီး၏ လွန်ခဲ့သည့် ၄၈နှစ်တာကာလက သုံးစွဲခဲ့သည့် မြန်မာ့ရိုးရာ ဝေါဟာရနှင့် အသုံးအနှုန်းများကို ယခုခေတ်လူငယ်များနှင့် နီးစပ်နိုင်သမျှ နီးစပ်အောင် ကိုယ်ပိုင်အတွေ့အကြုံများနှင့် ပေါင်းစပ်၍ ထိမိပိုင်နိုင်စွာ ပြန်လည် သင်ကြားပို့ချ ပေးလျှက်ရှိပါသည်။
မြတ်ဗုဒ္ဓ၏ အမွေအနှစ်၊ တရားတော်၏ အဆီအနှစ်ဖြစ်သော ဝိပဿနာတရားပွဲကို Singapore ရှိ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်း (Clementi Temple) မှ ကမကထပြုလျှက် အောက်ပါ အချိန်။ နေရာ အတိုင်း စီစဉ်ခဲ့ပါပြီ၊
 
ဓမ္မမိတ်ဆွေ ..လူ..နတ်..ဗြဟ္မာ..သတ္တဝါ...အားလုံး... တရားပွဲကို ကြွရောက် နာကြားဖို့ ဖိတ်ခေါ်ပါရစေ.....
 
တရားပွဲအစီအစဉ်များ

ပထမနေ့ တရားပွဲ အစီအစဉ်

နေ့ရက်- ၂၂ ရက် မေလ စနေနေ့ ( ည ၇ နာရီ မှ ၈:၃၀ နာရီဲ အထိ)
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)

ဒုတိယနေ့ တရားပွဲ အစီအစဉ်

နေ့ရက်- ၂၃ ရက် မေလ တနင်္ဂနွေနေ့ ( ည ၅ နာရီ မှ ၆:၃၀ နာရီ အထိ )
နေရာ- Informatics Centre, Jurong East

၅ ရက်တရားစခန်းပွဲ အစီအစဉ်

နေ့ရက်- မေလ ၂၆ ရက် မှ ၃၀ ရက် ( ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့ အထိ )
အချိန်- နေ့လည် ၁:၀၀ နာရီ မှ ၆:၃၀ နာရီ အထိ
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)

အထူး အစီအစဉ်များ
ပဋ္ဌာန်းစုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
နေ့ရက်- ၂၈ ရက် မေလ သောကြာနေ့ (Vesak Day)
အချိန်- ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)

ဓမ္မစကြာ စုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
နေ့ရက်- ၂၉ ရက် မေလ စနေနေ့ ( ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ )
နေရာ- ဇယျမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)

ဆရာတော် အတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ကပ်လှူလိုသူများ နှင့် တရားပွဲဖြစ်မြောက်ရေး အတွက် ပါဝင်လှူဒါန်းလိုသူများ အောက်ပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ သို့ ဆက်သွယ်လှူဒါန်းနိုင် ပါသည်။

ဆက်သွယ်ရန်-

ဆရာတော် ဒေါက်တာဦးဝိစိတ္တ ( ဖုန်း - ၆၇၇၈၁၆၇၈)
ဦးကြည်ထွန်းDavid (ဖုန်း -၉၁၇၆၁၉၆၄) + ဒေါက်တာဒေါ်လဲ့လဲ့မိုး (ဖုန်း- ၉၁၀၈ ၂၂၆၄ )
ဒေါ်မူမူအေး (ဖုန်း- ၉၄၅၂ ၄၂၇၃)
ကိုထွန်းအောင် ကျော် ( ဖုန်း- ၉၈၅၁ ၇၁၉) + မအေးနုခင် ( ဖုန်း- ၈၁၀၉ ၂၀၃၅ )
မခင်လေးမွန် (ဖုန်း - ၉၀၀၆ ၇၀၁၀)
မနှင်းရီလွင် (ဖုန်း - ၉၂၇၀ ၇၆၄၅ )
 
JAYAMANGALA BUDDHIST VIHARA ( Clementi Temple )
23A Jalan Mas Puteh, Along West Coast Road , Near Esso, Oppostie Blk 701, Singapore 128628
Tel:(65) 6778-1678
Mobile:(65) 8123-0769
jayamangala.bv@gmail.com
 



Friday, May 21, 2010

Nissan မှ ဆီဖြည့်ရန် မလိုသည့် လျှပ်စစ်ကား Leaf ကို ဈေးနှုန်း သက်သာစွာ ရောင်းတော့မည်

Posted: 19 May 2010 10:33 PM PDT
သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ အားပေး ထောက်ခံမှုများ ရရှိပြီးနောက် ဂျပန် ကားထုတ်လုပ်သူ Nissan က ကုမ္ပဏီ၏ နာမည်ကျော် Leaf လျှပ်စစ်ကားကို ဥရောပတိုက်တွင် ယူရို ၃၀,၀၀၀ (၃၇,၁၀၅ ဒေါ်လာ) အောက်ဖြင့် ရောင်းချမည်ဟု မေလ ၁၇ ရက်နေ့တွင် ကြေငြာခဲ့သည်။
Nissan ၏ နာမည်ကျော် လျှပ်စစ်ကား Leaf
Nissan Leaf သည် ပါတ်ဝန်းကျင် ထိမ်သိမ်းကာကွယ်ရေးအတွက် ဦးဆောင်ရည်ရွယ်ပြီး တတ်နိုင်လောက်သော ငွေကြေးအတိုင်းအတာ အတွင်း မိသားစုအသုံးပြုနိုင်သော လျှပ်စစ်ကား ဖြစ်သည်။ ထို့ပြင် Nissan ၏အဆိုအရ ကာဗွန်အပူ လုံးဝ ထုတ်လွှတ်ခြင်း မရှိသော Nissan Leaf သည် လျှပ်စစ်ကားများတွင် ကမ္ဘာ့ ပထမဆုံး အများအပြား ထုတ်လုပ်သည့် လျှပ်စစ်ကား လည်းဖြစ်သည်။
ဒီဇင်ဘာလမှ စ၍ ဤကားကို ပေါ်တူဂီနှင့် နယ်သာလန် နိုင်ငံများတွင် စတင်ရောင်းချမည် ဖြစ်ပြီး ဗြိတိန် နှင့် အိုင်ယာလန် သို့ ၂၀၁၁ ဖေဖေါ်ဝါရီတွင် ရောက်ရှိမည်ဟု Nissan က London press conference တွင် ကြေငြာခဲ့သည်။ ဇူလိုင်လတွင် ကြိုတင်မှာယူမှုများကို စတင်ပြုလုပ်နိုင်မည် ဖြစ်ပြီး နောက်နှစ် နှစ်ကုန်ပိုင်းတွင် အဓိက ဥရောပနိုင်ငံများ အားလုံးတွင် ဤကားကို ရရှိနိုင်မည်ဖြစ်သည်။
Zero-Emission ဟုဆိုသော Leaf တွင် ဆီဖြည့်သည့် အပေါက်အစား ခေါင်းပိုင်းတွင် အားသွင်းရန် ပလပ်ပေါက်ကို တွေ့ရစဉ်
“Nissan ဟာ လူအများ ဝယ်နိုင်လောက်သည့် ဈေးနှုန်းဖြင့် ကာဗွန်အပူ လုံးဝ ထုတ်လွှတ်ခြင်းမရှိတဲ့ (zero-emission) ကားကို ထုတ်လုပ်နိုင်တဲ့ ပထမဆုံး ကားထုတ်လုပ်သူအဖြစ် ဒီနယ်ပယ်မှာ ဦးဆောင်သွားမှာပါ။ Leaf ဟာ လျှပ်စစ်ကား စစ်စစ် ဖြစ်ပါတယ် သူ့မှာ နောက်ဘက်က အိတ်ဇော့ပိုက် ပါမှာမဟုတ်သလို လောင်စာဆီသုံးစရာ မလိုတဲ့အတွက် အသုံးပြုရတဲ့ ကုန်ကျစရိတ် အရမ်း သက်သာပါတယ်။ ဒီကားရဲ့ ရောင်းဈေးမှာ ကားထဲမှာသုံးထားတဲ့ တန်ဖိုးကြီး လီသီယံ ဘက်ထရီ အတွက် ကုန်ကျငွေပါ ပါဝင်ပြီးဖြစ်ပါတယ်” ဟု Nissan ၏ အရောင်းနှင့် ဈေးကွက်ရှာဖွေရေး ဌာန ဒု ဥက္ကဋ္ဌ Simon Thomas ကပြောကြားပါသည်။
ဥရောပတွင် ယရို ၃၀၀၀၀ အောက်ဖြင့် ရောင်းချတော့မည့် Leaf
Nissan Leaf ၏ ရောင်းဈေးသည် သက်ဆိုင်ရာ အစိုးရများ၏ အားပေး ထောက်ပံ့မှုပေါ် မှုတည်၍ ပေါ်တူဂီတွင် ၂၉၉၅၅ ယူရို ၊ အိုင်ယာလန်တွင် ၂၉၉၉၅ ယူရို ၊ ဗြိတိန်တွင် ၂၇၃၃၈ ယူရို (ဒေါ်လာ ၃၃၇၅၀) ခန့် ဟူ၍ အမျိုးမျိုး ကွာခြားပါသည်။ နယ်သာလန်တွင် ရောင်းဈေးအမြင့်ဆုံးဖြစ်ပြီး ၃၂၈၃၉ ယူရိုဖြင့်ရောင်းသော်လည်း အစိုးရထောက်ပံ့ကြေး ပါဝင်ပါက ယူရို ၆၀၀၀ မှ ၁၉၀၀၀ အထိ ဈေးလျှော့ပေးမည်ဟု သိရသည်။ ဂျပန်ကားလုပ်ငန်းများကတော့ လာမည့် ၂၀၂၀ တွင် တစ်ကမ္ဘာလုံး ကားဈေးကွက်၏ ၁၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားများ ရရှိလိမ့်မည်ဟု ခန့်မှန်းနေကြသည်။
လူ၅ ယောက် စီး သပ်ရပ်ကျော့ရှင်းသော Leaf
Leaf ၏ အတွင်းပိုင်း မြင်ကွင်း
ပုံမှန်နှင့် အမြန် အားသွင်းရန် ပလပ်ပေါက် နှစ်ခုပါဝင်သည်
Leaf တွင် အသုံးပြုထားသည့် တန်ဖိုးကြီး လီသီယံ ဘက်ထရီ
ဆီဖြည့်ရန် မလိုပဲ တစ်နာရီ ၁၄၀ ကီလို ကျော် မောင်းနှင်နိုင်မည့် Leaf
လူ ၅ ယောက်စီး နောက်ဖုံးဖွင့်ကား Leaf သည် တစ်ခါအားသွင်းလျင် ၁၆၀ ကီလိုမိတာ အထိ မောင်းနှင့်နိုင်ပြီး မိနစ် ၃၀ အတွင်း ဘက်ထရီအား ၈၀ ရာခိုင်နှုန်းရရန် အလျင်အမြန် အားသွင်းနိုင်သည်။ လျှပ်စစ်ကား စစ်စစ် ဖြစ်၍ ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ လုံးဝ ဖြည့်စရာ မလိုဘဲ အမြန်ဆုံး တစ်နာရီကို ၁၄၀ ကီလိုမိတာ ကျော်ကျော် မောင်းနှင်နိုင်သည်ဟု သိရသည်။
PatheinCity News | Source:ChannelNewsAsia

Thursday, May 20, 2010

လိုင်လာ ဆိုင်ကလုံးမုန်တိုင်း စစ်တွေသို့ ဝင်ရောက်ဖွယ်ရှိ

ကြာသပတေးနေ့၊ မေလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၂ မိနစ်

 ချင်းမိုင် (မဇ္ဈိမ) ။      ။ ဘင်္ဂလားပင်လယ်အော် တောင်းပိုင်းမှ စခဲ့သည့် လိုင်လာ ‘Laila’ ဆိုင်ကလုန်း မုန်တိုင်းသည် နောက်ထပ် ၃ ရက် အကြာတွင် မြန်မာနိုင်ငံ စစ်တွေမြို့ဘက်သို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင် က ပြောသည်။ 

ယင်းမုန်တိုင်းသည် ယခုအခါ အိန္ဒိယနိုင်ငံ ကမ်းရိုးတမ်းတလျောက်ရှိ ကုန်းပိုင်းဒေသတွင် ၁ နာရီ လျင် ၁၄၀ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်လျက်ရှိပြီး နောက်ထပ် ၇၂ နာရီအကြာတွင် စစ်တွေမြို့ဘက်သို့ ဦးတည် ဝင်ရောက်ဖွယ်ရှိသည်ဟု ဆိုသည်။ 

“ကျနော်တို့တွက်လိုက်တဲ့ အခါမှာ ရခိုင်ပြည်နယ် မြောက်အစွန်းဘက်ကို ဝင်နိုင်တာပေါ့နော်။ ကုန်းပိုင်းအတိုင်း တောက်လျောက်သွားမယ်ဆိုရင်တော့ မုန်တိုင်းက အားပျော့သွားနိုင်ပါတယ်။ မိုးသဲသဲထန်ထန်ရွာလောက်ရုံပဲ ဖြစ်မှာပါ။ ရေထဲကနေဖြတ်ပြီး ဝင်မယ်ဆိုဆိုရင်တော့ ပြန်ပြီး အားပြင်းသွားနိုင်ပါတယ်” ဟု ဦးထွန်းလွင်က မဇ္ဈိမ ကို ပြောသည်။ 

မုန်တိုင်းသည် လတ်တလော အိန္ဒိယနိုင်ငံကုန်းပိုင်းဒေသများတွင် ၁ နာရီလျင်မိုင် ၁၄ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေသော်လည်း ရခိုင်ပြည်နယ်သို့ ဝင်ရန် နောက် ၃ ရက်ကြာဦးမည်ဖြစ်သဖြင့် တိုက်နှုန်းအား အတိအကျကို ကြိုတင်ပြောဆိုနိုင်ခြင်း မရှိသေးဟု သူက ပြောသည်။ 

“အိန္ဒိယကုန်းပိုင်းဒေသတွေကို ဝင်နေပါတယ်။ တော်တော်လေး ပြင်းတယ်လို့ သိရပါတယ်။ အမှန်ကတော့ မိုးတွင်းကာလမှာ အနောက်မြောက်ကို ဆက်သွားရမှာပါ။ အခု မုတ်သုန်က မဝင်သေးတော့  အဲဒီအနောက် မြောက်ဘက်ကို သွားလို့မရတော့ဘူးပေါ့။ အဲဒီတော့ ဒီဘက်ကို ကွေ့လာတာပေါ့” ဟု သူကပြောသည်။ 

ယင်း လိုင်လာ ဆိုင်ကလုန်းသည် ယခုလ ၁၇ ရက်နေ့က ဘင်္ဂလားပင်လယ်တောင်ပိုင်း လေဖိအားနည်း ရပ်ဝန်းမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ၁၈ ရက်နေ့တွင် မုန်းတိုင်းငယ်အဖြစ်သို့ အင်းအားကြီးထွားလာခဲ့ကာ “လိုင်လာ” ဟု အမည် တပ် နိုင်လောက်သည့် အားကောင်းသော အဝါရောင်အဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။ 

စင်္ကာပူအခြေစိုက် ရေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာတင်ထွန်းမြင့်ကမူ မုန်တိုင်းသည် အိန္ဒိယနိုင်ငံမှ တဆင့် ဘင်္ဂလားဒေရှ့်နယ်စပ်နှင့် ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်နိုင်သော်လည်း စိုးရိမ်ဖွယ်ရာအဆင့်တွင် ရှိတော့မည် မဟုတ်ဟု သုံးသပ်သည်။ 

“မြန်မာနိုင်ငံဘက်ကို လည်သွားမယ်ဆိုရင် အဲဒီအချိန်ကျလို့ရှိရင် ရေမိုင်က တနာရီကို ၂၅ မိုင်ကနေ ၃ဝ အကြားပဲ ရှိတော့မယ်။ စိုးရိမ်စရာအဆင့် မရှိတော့ပါဘူး။ သူ လိုချင်တဲ့ ရေငွေ့ မရတော့တဲ့အတွက် ကုန်းပိုင်းဒေသမှာတင် ပျော့ကျသွားပါလိမ့်မယ်” ဟု ဒေါက်တာတင်ထွန်းမြင့်က ပြောသည်။ 

“မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်” များ ပါဝင်သည့် ယနေ့ထုတ် သတင်းစာ၌မူ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ Laila သည် အားကောင်းသည့်အဆင့် ရောက်နေသော်လည်း မြန်မာနိုင်ငံသို့ ဝင်မည် မဟုတ်ဟု ဖော်ပြထားသည်။ 

မုန်တိုင်း၏ “အမြင့်ဆုံး လေတိုက်နှုန်း” မှာ တနာရီ ၇၅ မိုင်ခန့် ရှိသည်ဟုလည်း ဆိုထားသည်။
မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး တခါတရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးပြီး လေပြင်း တိုက်စဉ် “ရေပြင်မြေပြင်” လေသည် တနာရီ မိုင် ၄ဝ အထိရှိမည်ဟု ရေးသားထားသည်။

ဆိုင်ကလုန်းမုန်တိုင်းအမည် "Laila" သည် ပါကစ္စတန်နိုင်ငံက အကြံပြုထားသည့် အမည်ဖြစ်ပြီး ယခု မုန်တိုင်းပြီး နောက်တကြိမ် မုန်တိုင်းဖြစ်လျင် သီရိလင်္ကာနိုင်ငံက အကြံပြုထားသော "Bandu" ဟု သတ်မှတ်မှာဖြစ်သည်။

စင်္ကာပူ ရောက် ရွှေ မြန်မာ ညီအကို မောင်နှမ များသို.။


ကျွန်မတို. မြန်မာ လူမျိုး တွေဟာ များသော အားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွဲ ခွာချင်ကြဘူး။ ကိုယ့် တိုင်းပြည် ကနေ ရပ်ဝေး မြေခြား သိပ်မသွားချင် ကြဘူးလေ။ အခြေအနေ အရ နိုင်ငံရပ်ခြား မှာ အလုပ်လုပ်တယ် ဆိုတာ မိဘ၊ ဆွေမျိုး မိတ်ဆွေ၊ အပေါင်းအသင်း တွေနဲ့လည်း ခွဲခွာ နေရတဲ့ အပြင်၊ သံယောဇဉ် စိမ်းစိမ်း၊ ယဉ်ကျေးမူ. ဓလေ့ စရိုက် စိမ်းစိမ်း၊ ပတ်ဝန်း ကျင် စိမ်းစိမ်း နဲ့ သူစိမ်းတို့ရဲ့ အလယ်မှာ ဘာသာစကား ကွဲပြားမူ့တွေ၊ နေထိုင်မူ့ လွဲမှားမူ.တွေ ၊စားမူ. သောက်မူ၊့ နေမူ. ထိုင်မူ. ၊ လူမူ. ကိစ္စ ပြသနာတွေ ကြားထဲမှာ ရုန်းကန် လှုပ်ရှား ပြီး ကိုယ့်ဘ၀ကိုယ် တည်ဆောက် နေကြရတဲ့ ဘ၀လေ။

သို.ပေမဲ့ မြန်မာ လူမျိုးတွေဟာ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ စွန့်စွန့်စားစား အခြေချ ဝင်ရောက်နေထိုင် လာကြတာ ခုဆို ထိုင်းလင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် စတဲ့ နိုင်ငံတွေ မှာ ပညာတတ် လူငယ်တွေ တော်တော် များများ ရောက်ရှိနေ ကြပါပြီလေ။ အနောက် နိုင်ငံတွေ မှာလည်း ရောက်သင့် သလောက်ရောက် နေကြတာပါပဲ။ စင်္ကာပူ မှာတော့ မြန်မာ စကားသံတွေ နေရာအနှံ ဆိုသလို ကြားလာရပါပြီ။ ကိုယ့်နိုင်ငံက ဦးနှောက် ကောင်းတဲ့ ပညာတတ်တွေ တိုင်းတစ်ပါး ရောက်ကုန်တာတော့ နှမြောစရာပေါ့။ ဒါမျိုးကို အနောက် နိုင်ငံတွေ ကတော့ (Brain Drain) ဦးနှောက် ယိုစီးမူ.လို သုံးနူန်းကြတယ်။

ဒီလို ပညာတတ် တွေနဲ့ အတူ အလုပ်သမား၊ လယ်သမား လူတန်းစား တွေလည်း မလေးရှား၊ စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန် စတဲ့ အိမ်နီးချင်း နိုင်ငံတွေကို သွားရောက်ပြီး ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး အလုပ် လုပ်ကြရတဲ့ လူငယ်တွေ အတော်လေးလဲ များလာပါတယ်။ ဒီလို လုပ်သား အုပ်စုကို ယေဘုယျ အနေနဲ့ အထွေထွေ လုပ်သား များ သို့မဟုတ် ကာယ လုပ်သားတွေလို့ သတ်မှတ်ပါတယ်။ ဒီလိုမျိုး ကိုတော့ လုပ်အားတွေ ဖိတ်စင် ယိုစီးမူ.လို. ခေါ်ရမယ် ထင်ပါ တယ်နော်။

စင်္ကာပူ နိုင်ငံအတွက် ကလည်း ကာယ၊ လုပ်သား တွေ သိပ်လိုအပ် နေတာပါ။ ဘာလို့လဲဆိုတော့ သူတို. နိုင်ငံသား တွေဟာ အန္တရယ်ကြီးတဲ့ နေရာတွေမှာ မလုပ်လိုတဲ့ အတွက်က တစ်ကြောင်း၊ လုပ်ရ ပြန်လျှင်လည်း လုပ်ငန်းခွင်ထဲ ထိခိုက်ဒဏ်ရာ တစ်ခုခု ဖြစ်တဲ့အခါ လျော်ကြေး ပေးရမှာ ဖြစ်တဲ့ အတွက်- ဆောက်လုပ်ရေး လုပ်ငန်း ၊ သင်္ဘောကျင်း လုပ်ငန်းမျိုး တွေမှာ- ဈေးပေါပြီး၊ ကျန်းမာရေး၊ အသက် အာမခံကို သိပ်ဂရုစိုက် ပေးစရာ မလိုတဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပြည်ကြီး တရုပ် စတဲ့ အလုပ်သမား တွေဟာ မရှိမဖြစ် အရေးပါ လာခဲ့တာပေါ့။ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ပြတ်တောက် သွားခဲ့ပေမယ့်၊ သင့်တော်တဲ့ လျော်ကြေး မရပဲ ပြည်တော်ပြန် သွားရတဲ့ နိုင်ငံခြားသားတွေ အများကြီးပါ။ ကျွန်မတို. မြန်မာလုပ်သား တွေကတော့ လုံလောက်တဲ့ ပညာ အရည် အချင်းသာ မရှိတာ ဥာဏ်စွမ်းရည် အားဖြင့်တော့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပြည်ကြီးတရုပ် တွေထက် သာကြတယ်။ အကင်းပါးကြပါတယ် ဆိုတာ သတိပြု မိကြမယ် ထင်ပါတယ်။

ဒီလို လုပ်ငန်းခွင်မှာ လူမျိုးပေါင်းစုံ ရှိတာနဲ့အမျှ အလုပ်မှာ မတူညီတဲ့ ယဉ်ကျေးမှုနှင့် ဘာသာစကား ပြောကြားမှုများ ဟာ အနည်းဆုံး နှစ်ခုမှ သုံးခုနည်းပါး ရှိတတ် ကြတယ်လေ။ ရုံးလုပ်ငန်း ပိုင်းမှာ လုပ်နေတဲ့ (Office Staff ) လို့ ခေါ်တဲ့ စာရင်းကိုင်တွေ၊ IT ကွန်ပြူတာ ပညာရှင်တွေ၊ စတဲ့ သူတွေ အနေနဲ့ ကတော့ (Proper English ) ကို သုံးလို့ ရပါတယ်။ သို.သော် တစ်ချို. အင်ဂျင်နီယာတွေ အနေနဲ့ ကတော့ ရုံးက staff တွေ၊ လူကြီး ပိုင်းတွေနဲ့ ပြောတဲ့ အခါ၊ Meeting တက်တဲ့ အခါ English စကားကို ကောင်းကောင်း အသုံးပြုလို. ရပေမဲ့ ဘင်္ဂလားဒေ့ရှ်၊ ပြည်ကြီး တရုတ် စတဲ့ ကာယ လုပ်သားတွေနဲ. ကျတော့ (Proper English) ကို သိပ်သုံးလို့ မရတော့ ပြန်ဘူးလေ။ Body Language အပြင် သူတို့ နားလည်တဲ့ လွယ်တဲ့ အင်္ဂလိပ်ကို တိုတို တုတ်တုတ် ပြောရတာတွေ ရှိတာပေါ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ လုပ်ငန်းခွင် အနေအထား ပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ထိထိမိမှာ (Communicate) လုပ်နိုင်ဖို.ရာ အလွန်တရာမှ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုပါပဲလေ။

ခုဆိုရင် တို့မြန်မာ နိုင်ငံကနေ ကာယ အလုပ်သမား တွေဟာ ပညာအရည် အချင်း သိပ်မမြင့်တဲ့ သူတွေ ဖြစ်သော်ငြား လည်း ခုလို နိုင်ငံခြား တိုင်းပြည်တွေမှာတောင် ရောက်ပြီး အဆင်ပြေပြေ လုပ်ကိုင် နေနိုင်ကြပြီလေ။ တစ်ကယ်တော့ ကျွန်မတို့ လူမျိုးဟာ အကင်းပါးတဲ့ လူမျိုးပါ။

ကျွန်မတို့မှာ လူမျိုးအလိုက် ရှိနေတဲ့ ဥာဉ်ဆိုးလေးတွေ ရှိသင့် သလောက်တော့ ရှိတာပေါ့။ ဥပမာ- ပျင်းရိတတ်တာ၊ ဇွဲမရှိတာ၊ အနွံတာ မခံချင်တာ၊ သိပ်အောက် မကျို.ချင်တာ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့တန်တန်နဲ့ အချိန်ကုန်ချင်တာ၊ စည်းကမ်း မရှိတာတွေ ဒီလို အားနည်း ချက် ချို.တဲ့ တာလေးတွေ ကျွန်မတို့ လူမျိုးမှာရှိပါတယ်။

ဆင်းရဲသည် ပဲဖြစ်ဖြစ်၊ ချမ်းသာသည် ပဲဖြစ်ဖြစ် ငယ်ငယ် ကတည်းက ထမင်းကို မိဘက ခွန့်ကျွေးတာကို စားလာ ခဲ့ကြသလို၊ မှီခိုရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ယဉ်ကျေးမှု.တွေ အောက်မှာ ကြီးပြင်လာခဲ့ကြတဲ့ မြန်မာ လူမျိုး တွေမှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချရမဲ့ နေရာတွေမှာ အားနည်း နေတတ် ကြတယ်လေ။

ဒီလို အားနည်းချက် တွေကတော့ ကျွန်မတို့ လူမျိုးမှာ ခုချိန်ထိ ရှိနေပါတယ်။ သို့ပေမဲ့ ဒါက တစ်သက်လုံး ဘယ်လိုမှ ပြင်လို့ မရတဲ့ စရိုက်ကြီး ဆိုပြီး ပစ်မထားပဲနဲ့ ယုံကြည်ချက်နဲ့ ကြိုးစား ပြုပြင် လို.ရပါတယ်။ အရေးကြီး တာက ဒီလို ပြုပြင်မှာက ဘာအတွက်၊ ဘယ်သူ့ဖို့ ပြုပြင်မှာ ဆိုတဲ့ မှန်ကန် မွန်မြတ် တဲ့အသိပဲ ရှိဖို.လိုပါတယ်။

ကျွန်မတို့ လူမျိုးတွေဟာ အလွန် အကင်းပါးတဲ့ လူမျိုးပါ။ သင်လိုက်ရင် သိလွယ်၊ မြင်လွယ်၊ တတ်လွယ်၊ သိပ်ရှိပါတယ်။ ဒီအရည် အသွေးဟာ ငွေပေး ၀ယ်လို့ မရဘူး။ ကျွန်မတို့ လူမျိုးနဲ့ တခြားလူမျိုးနဲ့ ယှဉ်ကြည့်စမ်းပါ။ ပညာတတ်ပဲ ဖြစ်ဖြစ်၊ ပညာမဲ့ အလုပ်သမား၊ လယ်သမား လူတန်းစားပဲ ဖြစ်ဖြစ် လူမျိုးလိုက် အကင်းပါး ဖျတ်လတ် မူ့က အလွန် သဘောကျ စရာ ကောင်းလှပါတယ်။

အလုပ်သမားတွေ အချင်းချင်း ယှဉ်ကြည့်ရင်တောင် ဘင်္ဂလားဒေ့ရှ်၊ ပြည်ကြီး တရုတ်၊ အိန္ဒိယ တမီလ် အလုပ်သမား၊ မလေးရှား တရုတ် အလုပ်သမား တွေထက် သာပါတယ်။

ကျွန်မ အမျိုးသား ပြောပြတဲ့ သူတို့လုပ်ငန်းခွင်က အကြောင်းလေး နည်းနည်း ပြောပြဦးမယ်။ တို့မြန်မာ လူမျိုး ၀န်းထမ်း တစ်ဦးက ဘင်္ဂလားတွေကို အုပ်ချုပ်ရတဲ့ Site Supervisor အနေနဲ့ လုပ်ရသတဲ့။ ဒါနဲ့ ဘင်္ဂလား အလုပ်သမား တစ်ဦးကို ဘယ်လို (communicate) လုပ်ရသလဲဆို။

This One and This One (Two This One) go to the place. ဆိုရင် ကုလားက အဲဒီ ပစ္စည်း နှစ်ခုကို ယူသွားပြီး သူ့နေ ရာနဲ့ သူ သွားထားတာ ကွက်တိပဲ လုံးဝ အမှား အယွင်း မရှိဘူး တဲ့လေ။

အဲလိုပဲ ။ မြန်မာလိုဆို ဟေ့ ငါ့ လူတွေ ဘယ်သွား ကြလဲလို့ မေးတယ် ဆိုရင် ၊ အင်္ဂလိပ်မှာ ကတော့ ရိုးရိုး သုံးရင် Where are my people going? လို့ သုံးရင် မှန်ပေမဲ့ သူတို့တွေက ဒီလို သုံးတာ ထက်စာရင် Hay, My people, Where? ဆိုရင် တစ်ယောက်က ဖြေပုံက

Jalan jalan go there. ဟိုဘက်ကို လမ်းလျောက် သွားကြတယ်ပေါ့ ။ jalan ဆိုတာ မလေးလို လမ်းကို ခေါ်တာပါ။

ဥပမာ- မင်း ထမင်းစား ပြီး ပြီလားဆို၊ Have you finished your lunch? လို့ သုံးတာ မှန်ပေမဲ့ သူတို.ကို ပြောတဲ့အခါ Lunch Ready? တစ်ချို. ကျတော့ မကမ်း Ready လို. မေးမှ နားလည်ကြတယ်။ မကမ်း ဆိုတာ စားတာကို မလေးလို ခေါ်သတဲ့။ Ready ဆိုတာကတော့ Already ကို ကိုယ်စား ပြုတာပါ။

အဲဒီတော့ ကျွန်မ ပြော ပြချင်တာ တစ်ချို့ လုပ်ငန်းခွင် ဟာ အင်္ဂလိပ်ကို တိတိ ကျကျ တတ်မှ အလုပ်လုပ် လို့ အဆင်ပြေသလို တစ်ချို့လုပ်ငန်းခွင် မှာတော့ အင်္ဂလိပ်လို တိတိ ကျကျ ပြောလို့ မရတဲ့ အနေအထား ပတ်ဝန်းကျင်ဆို အဆင်ပြေ သလို communicate လုပ်ကြရတယ်။ အင်္ဂလိပ် အသုံး အနူန်း တွေကို ဖျက်တာတော့ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ဒီလိုပဲ communicate လုပ်ရတာပါ ။ “ကာလံ ဒေသံ” ဆိုသလိုပေါ့။ အခြေအနေနဲ့ အချိန်အခါ အရပဲလေ။

ကျွန်မ တို.မြန်မာ တွေကို လူဖျင်း လူညံ့ လို. ပြောရ အောင် က လည်း အင်္ဂလိပ် စာ မတော်၊ မတတ် ပေမဲ့ ခုလို စင်္ကာပူ လို နိုင်ငံမျိုးက ဆောက်လုပ်ရေး ကုပ္မဏီတွေ ၊သင်္ဘောကျင်း တွေမှာဆို မြန်မာ တွေ လက်ညိုးထိုး မလွဲပါဘူး။ တို့မြန်မာတွေ အခြေံခံ ပညာလေး သာရှိပေမဲ့ အတတ်ပညာ တစ်ခု ကို ကျွမ်းကျင်တော့ နိုင်ငံခြား တွေမှာ ခရီးတော်တော် ပေါက်နေပါပြီ ။

နောက်တစ်ခု ထပ်ပြောပြ ဦးမယ်နော်။ တစ်နေ. မှာ ကျွန်မတို့ မြန်မာ လူမျိုး အလုပ်သမား အမျိုးသားလေး တစ်ယောက်ဟာ ခွင့်ရလို့ အမိမြေကို ပြန်ဖို့ မြန်မာ သံရုံးကို အခွန်သွား ဆောင်စရာ ရှိတာတွေ ဆောင်ဖို့ သွားရတယ်လေ။ မြန်မာ သံရုံးက စောစောလေး ထသွားမှ အဆင်ပြေပြေနဲ့ ကိစ္စပြီးတာ ဆိုတော့။ စောစော ထသွားရတယ် ဆိုလို့ ကျွန်မ ရေးတာ မရှင်းဘူး ဖြစ်နေမယ်။ အလုပ်ချိန် ကတော့ ရုံးချိန် ၉ နာရီမှ စတာပါ။ လူတွေ များတော့ စောစော တိုကင်ယူရတာ။ မြန်မာ သံရုံးက လူဦးရေ ကန်.သတ်ထားပြီး လက်ခံလို့လေ။ အဲဒီ မြန်မာ လုပ်သား အမျိုးသားလေးက သံရုံးကို အခွန်သွားဆောင် ဖို့ရာ Taxi ငှား လိုက်ပါတယ်။ Taxi သမားက လည်း Where? ဆိုတာနဲ့ အဲဒီ မြန်မာ အမျိုးသား အလုပ်သမား လေးက “ Go To The Myanmar Nail Office” ဆို ပြောလိုက် ပါသတဲ့။
အဲလို ပြောလိုက်တော့ Taxi သမားကလည်း သူ.လုပ်ငန်း အတိုင်း ဆောင်ရွက်တာ ကွက်တိပါပဲ။ မြန်မာ သံရုံးကို အမှား အယွင်းတောင် မရှိဘဲ လိုက်ပို့ ပေးလိုက်တာ ။ တကယ်တော့ (Myanmar Embassy Office ) လို့ ပြောရမှာ မှန်ပေမဲ့ သူ့ အနေနဲ့ ရုတ်တရက် မပြောတတ်တာလဲ ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုနည်း နဲ့ပဲ ပြောပြော Taxi သမားကလည်း နားလည်လိုက်တာ (Myanmar Office ) လို့ နားလည် သွားတာလည်း ဖြစ်ကောင်း ဖြစ်လိမ့်မယ် ဒီမှာကလည်း မြန်မာလူမျိုးတွေ သွားတတ်တဲ့ မြန်မာရုံး ဆိုလို့ ဒီရုံး ရှိတာကိုးလို့ သူသဘောပေါက် သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ သူသွားချင်တဲ့ လမ်းကွက်တိ ရောက်သွားတာတော့ အမှန်ပါ။ ဒါကြောင့် ကျွန်မတို့ လူမျိုးတွေဟာ အနုံအဖျင်း မဟုတ်ကြပါဘူးလို့ ကျွန်မ ပြောတာပေါ့။

ဘာပညာ၊ ဘာအလုပ်မျိုး မဆို ကျွန်မတို့မှာ မသင်ရသေးလို့၊ သင်ခွင့် မရခဲ့လို့ မတတ်သေးပေမဲ့ သင်ခွင့် ရတဲ့အချိန် သူများနည်း တူ ရင်ဘောင် တန်းနိုင်တဲ့ အရည်အသွေး အပြည့်အ၀ ရှိပါတယ်။ ကျွန်မတို့ လူမျိုးတွေ အနုံအဖျင်း မဟုတ်ကြပါဘူး။

မြန်မာ တွေများလာလို့ စင်္ကာပူက ပင်နီဆူလာ ပလာဇာမှာ ရဲရဲတောက် သွားသတဲ့ ဆိုတာ သတ္တိ မဟုတ်ပဲ ကွမ်းတံတွေး တွေ ဖြစ်နေပါပေါ့ လားလို့ မဖြစ်အောင်တော့ စည်းကမ်းလေး ပိုပြီးရှိ လိုက်ကြစမ်းပါနော်။ ကွမ်းစားပြီး ပြွတ် ကနည်း ဗျစ်ကနည်း ထွေးလိုက်တဲ့ အပြု အမူထက်၊ နည်းနည်းပိုပြီး စည်းကမ်း ရှိ လိုက်ရတာ မြန်မာ တစ်ယောက် ဆိုပြီး ဂုဏ်ယူပြီး နေနိုင်တာပေါ့။ ဒီလိုပြောတာ မောင်လို နှမလို ချစ်လို့ ပြောတယ် မှတ်ပါနော်။

တို.မြန်မာ လူမျိုးတွေ နိုင်ငံအသီးသီးမှာ စွန့်စွန့်စားစား ရုန်းကန် လှုပ်ရှားရင်း လူုဘုံလယ် မှာ ရဲရင့်မှုမာန် တုန်လှုပ်မှုကင်းသော အသံဖြင့် မှန်ရာကို ပြောရဲ ဆိုရဲသော မြန်မာ လူငယ်များ အဖြစ် ရပ်တည် နိုင်ပါစေ။

ရေးသားသူ - မေစိုး (Shwe Mandalay)

Monday, May 17, 2010

ဘက်စုံထူးချွန်တဲ့ အစ်ကို( သုမောင် ) ကြွေလွင့်သွားပြီ ။(ဦးကျော်သူ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ)

ဘက်စုံထူးချွန်တဲ့ အစ်ကို( သုမောင် ) ကြွေလွင့်သွားပြီ ။ ည ၉း၀၀နာရီ သုခကမ္ဘာဆေးရုံမှ တစ်ဆင့် ကမ္ဘာမြေပြင်မှ ထွက်ခွါသွားခဲ့ပြီ ။
ဦးကျော်သူ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ

အကိုတို့ရေ

အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် ၊ စာရေးဆရာ ဦးသုမောင် တစ်ယောက် ဒီနေ့ည..၉း၀၀ မှာ သုခကမ္ဘာ အထူးကုဆေးခန်းမှာ ကွယ်လွန်သွားပါသည်။ ဈာပနကျင်းပမဲ့နေ့ကို ကျွန်တော် ထပ်သတင်းပေးပို့ပါ့မယ်။
ဦးသုမောင် (၁၉၅၁-၂၀၁၀)ကိုယ်ရေးအကျဉ်း

၁၉၅၁ - ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဒေါ်ခင်ညိုတို့ က မွေးဖွားသည်။ မွေးချင်း(၄)ယောက်တွင် တတိယမြောက်ဖြစ်သည်။ အမည်ရင်းမှာ မောင်ဗလဖြစ်သည်။ ငယ်စဉ် က စိန်ပေါလ်(ယခု အ့ထ့က(၆) ဗိုလ်တစ်ထောင်)တွင် ပညာသင်ကြားခဲ့သည်။

၁၉၆၆ - စိန်ပေါလ်ကျောင်းမှ စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့။

၁၉၆၉ - စက်မှုလက်မှုအထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့။ ထိုအချိန်မှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ်လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများရေးသားခဲ့။

၁၉၇၀ - ၀တ်မှုံဂျာနယ်ပါ''သနပ်ခါးရေကျဲကျဲ'' ၀တ္ထုတိုကို ''အုပ်စိုး'' အမည်ဖြင့် ရေးခဲ့(ပထမဆုံးဝတ္ထတိုဖြစ် သည်။)

၁၉၇၄ - ''အချစ်'' အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသား။ သုမောင်သည် စာပေဆိုင်ရာလုပ်ငန်းများသာမက ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ ထိုနှစ်တွင်ပင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား-စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ''သုမောင်''အမည် ထင်ရှား ခဲ့။

၁၉၇၄ - ခုနှစ်တွင်ပင် ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကား၌ ဇာတ်ဝင်နောက်ခံ တေးတစ်ပုဒ်ဖြစ်သော ''ပန်းဦးပန်မယ့် သူ'' သီချင်းကို စတင်သီဆိုခဲ့ရာမှစ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့။

၁၉၇၆ - ''ရှင်နေမင်းမှပေးသောစာ'' (ဘာသာပြန်)ထွက်ခဲ့။ ''သိပ်ချစ်တယ်မဟုတ်လား'' လုံးချင်းဝတ္ထုထွက်ခဲ့။

၁၉၇၇ - ''ပင်တိုင်စံမကောင်းပါဘူးကွယ်'' လုံးချင်းဝတ္ထုထွက်ခဲ့။ ရှုမ၀မဂ္ဂဇင်းတွင် ''ငယ်အိပ်မက်'' ၀တ္ထုတို ရေးခဲ့။

၁၉၇၈ - ''သူ့မောင်မှာ သူ့မောင်မှာ'' ၀တ္ထုရှည်ထွက်ခဲ့။ ''အချစ်ငါမသိ''၊ ''အချစ်ပွင့်ကလေးများ''၊ ''အချစ် သစ်ပင်''၊ ''သာဓုအင်ဆန်း(စုပေါင်း)'' စာအုပ်များထွက်ခဲ့။

၁၉၇၉ - ''အချစ်(၂)''၊ ''အချစ်နှင့်သူ၏ကိုကို''၊ ''အချစ်၏နောက်ဆုံးနေ့များ'' စသော လုံးချင်းဝတ္ထုများထွက်ခဲ့။

၁၉၈၀ - ''အကယ်ဒမီ''၊ ''အချစ်စက်''၊ ''ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ'' စသော လုံးချင်း စာအုပ်များထွက်ခဲ့။

၁၉၈၁ - ''လ''၊ ''စပယ်သုံးကုံး''(စုပေါင်း)၊ ''ထို့ကြောင့် အချစ်ဟုခေါ်ပါသည်''(စုပေါင်း) စာအုပ်များထွက်ခဲ့။

၁၉၈၂ - ''ပန်းစွယ်တော်ရွက်ကလေး''(စုပေါင်း) စာအုပ်ထွက်ခဲ့။

၁၉၈၃ - ''ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ'' ထွက်။

၁၉၈၄ - ''၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း'' (၀တ္ထုတိုပေါင်းချုပ်)။ ''သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း'' (၀တ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်ခဲ့။

၁၉၈၆ - ''အချစ်လား သူဖျားနေတယ်'' စာအုပ်ထွက်။

၁၉၈၇ - ''ကမ္ဘာကြီးတုန်သွားတယ်'' စာအုပ်ထွက်။

၁၉၈၈ - ''ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ'' စာအုပ်ထွက်။ စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို''အဖေ၏အမေ'' ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့။

၁၉၈၉ - ''မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ'' ၀တ္ထုထွက်။

၁၉၉၀ - ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။

၁၉၉၅ - နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။

၁၉၉၆ - ''သောတာဆွေ လွမ်းတသ-အမှတ်တရ'' (စုပေါင်း)စာအုပ်ထွက်။

၁၉၉၇ - ''စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ(စုပေါင်း)'' စာအုပ်ထွက်။

၁၉၉၉ - ''ကွမ်းစကား'' (၀တ္ထုတိုပေါင်းချုပ်)၊ ''ကြွေ-မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ''၊ ''ပန်းယွန်း အိမ်''(စုပေါင်း)၊ ''မှတ်မှတ်ရရ-ရှုမ၀၀တ္ထုတိုများ'' စာအုပ်များထွက်။

၂၀၀၁ - ''မင်းနဲ့မှချစ်တတ်ပြီ'' ရုပ်ရှင်ကားတွင်သရုပ်ဆောင်။ ''နံနက်စာ ဆောင်းပါးပေါင်းချုပ်'' စာအုပ်ထွက်။ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော''နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်''သို့ တက်ရောက်စာတမ်းတင်ခဲ့။

စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်-သုမောင်သည် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၄၀)ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေဆီးရီးစသည်ဖြင့် တေးသီချင်းပုဒ်ရေ ပေါင်း(၂၀၀၀)ကျော် သီဆိုခဲ့သည်။ ဂီတထက် စာပေကို အလေးထားဆောင်ရွက်ခဲ့သည်။ ၂၀၁၀ခုနှစ်မေလ ၁၆ရက်နေ့ ည ၉း၀၀နာရီ သုခကမ္ဘာဆေးရုံ၌ သူချစ်သောဂီတ၊ အနုပညာနှင့် ချစ်သောပရိသတ်အား ခွဲခွါထားရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား- သားသမီး(၄)ယောက် ကျန်ရစ်ခဲ့သည်။
Ni Ni San.Manaung  
 -----------------------------------------------------------------------------------------

Friday, May 14, 2010

နေ့စဉ်တွေ့ရ Emotion သုခဒုက္ခ (by Dr Dhammasami (Oxford University, England)

Title: နေ့စဉ်တွေ့ရ Emotion သုခဒုက္ခ
        (Daily ups and downs of Emotion)
နေ့ရက်    (၁၅/၅/၂၀၁၀) စနေနေ့
အချိန်    ညနေ ၄း၃၀ နာရီ မှ ၅း၃၀ နာရီ
               JAYAMANGALA BUDDHIST VIHARA (Clementi Temple)
            23A , Jalan Mas Puteh Along West Coast Road Singapore 128628, near Esso Stat
မှတ်ချက် ။    တရားတော်နာကြွရောက်လာသော ပါရမီရှင်များအား မြန်မာ့ရိုးရာ ရခိုင်မုန့်တီဖြင့်ကျွေးမွေးပါမည်။
Date: 15 May 2010 (Saturday)
Time: 4:30 pm to 5.30pm
Venue: Jayamangala Buddhist Vihara (Dr. Vicitta's Clementi Temple)
23A & 25A Jalan Mas Puteh, Along west Coast Road, Near ESSO
Tel: 6778 1678
  HP-8123 0769

 --------------------------------------------------------------------------------------------------
ဓမ္မကထိကဆရာတော် ဘဒ္ဒန္တ သောမာစာရ (မန္တလေး)
                        သာသနဓဇ ဓမ္မာစရိယ
                        သာသနဇောတိပါလ ဓမ္မာစရိယ
                        သာသန့နူဂ္ဂ ဟ ဓမ္မာစရိယ
 

 တရားတော်အမည်----"ဘ၀အလှ ဆင်းမြန်းကြစို့ " တရားဒေသနာတော် 
 နေ့ရက်   -----------  (၁၅.၅.၂၀၁၀) စနေနေ့

အချိန်        
ညနေ ၇နာရီ ၃၀ မှ ၉ ၀၀ နာရီထိ

နေရာ
      ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ ကျောင်းတော် (Clementi Temple)
      23A , Jalan Mas Puteh Along West Coast Road Singapore 128628,
      Near Esso Station

(တရားပွဲ ဖြစ်မြောက်ရေး ကော်မတီ)
Ph; 6778 1678, 91220887
www.anantametta.org

မှတ်ချက်။ ။တရားတော်နာ ကြွရောက် လာသော ပါရမီရှင် များအား မြန်မာ့ရိုးရာ မုန့်တီဖြင့် ကျွေးမွေးပါမည်။ 


၁၊ အလှဆင်လို၊ များပုဂ္ဂိုလ်၊ ဘယ်လိုတရား ပွါးမလဲ။
၂၊ မနောလှမှ၊ ရုပ်လည်းလှ၊ ဘ၀လှမည်သာ။
၃၊ စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းလှ၊ ဒို့ဘ၀။

Thursday, May 13, 2010

မြန်မာပြည်မှာ အရင်နှစ် တွေထက် အပူရှိန်က တော်တော်ကို ပူပြင်းတယ်

ဒီနှစ် နွေရာသီ ကတော့ မြန်မာပြည်မှာ  အရင်နှစ် တွေထက် အပူရှိန်က တော်တော်ကို ပူပြင်းတယ် တဲ့လေ။ အပူရှိန် ဒီဂရီ ၁၀၀ ကနေ လှလှကြီး ကျော်လို. ၁၁၀ နား ထိတောင် အနယ်နယ် အရပ်ရပ် တွေမှာ ပူနေတယ်တဲ့။ ဒီနှစ် ဥတုရာသီ ဖောက်ပြန် တာကလည်း  အလွန်အမင်း ပါပဲလားနော်။
ခါတိုင်းဆို အညာ ဒေသက လူတွေက ပူတယ်၊ ပူတယ်နဲ့ အရင် အော်နေကြ မဟုတ်လား။ ရန်ကုန်မှာ ရှိနေတဲ့ ကျွန်မ အမေဆီကို ဖုံးဆက် ကြည့်တော့လည်း ရန်ကုန်မှာလည်း ၊ မန္တလေး နည်းတူ ပူလိုက်တာပဲ တဲ့လေ။ ဒီနှစ်ကတော့ မြန်မာပြည်မှာ အပူရှိန် ကလည်း အရမ်း မြင့်ပြီး မုတ်သုန်အ၀င် နောက်ကျနေတဲ့ အတွက်ကြောင့် မြေအောက်ရေ လျော့ပါးပြီး ရေတွင်း၊ ရေကန် တွေမှာ တဖြည်းဖြည်းနဲ့ ရေခန်း ခြောက်လာတယ်တဲ့ ဆိုတဲ့ သတင်းကို ကျွန်မ ဖတ်လိုက်မိတယ် ။ ဒီနှစ်အတွင်း အပူရှိန်မြင့်တက် မှုနှင့် မိုးမရွာသွန်းမှု တို့ကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကမ္ဘာလှည့် ခရီးသည် များအား ဆွဲဆောင်နိုင်တဲ့ အင်းလေးကန် မှာတောင် တွင်ပင် ရေခန်းခြောက်မှု. ဖြစ်ပေါ် နေကြောင်း ကို weekly eleven ဂျာနယ် မှာလည်း ဖော်ပြ ထားတယ်လေ။
ကျွန်မတို့ မန္တလေးတော့ အပူချိန်များတဲ့ နှစ်ဆိုရင် အပူ ဒီဂရီက ၁၀၈ - ၁၀၉ လောက် ထိအောင် ပူပါတယ်။ အဲဒီလို ပူပြီဆိုရင် နေ့ရော ညရော ချွေးတစ်လုံးလုံး ယပ်တစ်ခပ်ခပ်နဲ့ ဟိုနားက ယားလာ သလိုလိုနဲ့  လူလည်း တွန့်လိမ် နေတော့တယ်။ ပူလွန်းတော့ ရေပဲသောက်ပြီး စားလည်း မစားနိုင် အိပ်လည်း မအိပ်နိုင်တော့ ဘူးလေ။ ခုဒီနှစ်တော့ဖြင့် မန္တလေး တွင်မကဘူး မုံရွာစတဲ့ အညာဒေသ တွေမှာ ရော တနိုင်ငံလုံးမှာ အပူရှိန်က တော်တော်လေး ကိုပြင်းတယ် လို့ကြားရတယ်။
ဒီလိုရာသီဥတု မျိုးမှာဆို သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေ၊ ဆင်းရဲနွမ်းပါးတဲ့ သူတွေ ဒုက္ခ ဖြစ်ကုန်ကြရော။ ကလေးတွေ ကျပြန်တော့ သွေးလွန်တုတ်ကွေး နဲ့ ၀မ်းရောဂါတွေ အဖြစ်များ ကြပြန်တယ် ။ ကျွန်မ ငယ်ငယ်ကဆို မိုးကုတ်ကနေ မန္တလေးကို ခုလို နွေရာသီ ကျောင်းပိတ်ရက်မှ လာရတာ ဆိုတော့ မန္တလေးရဲ့ အပူဒဏ်ကို ချက်ချင်း မခံစားနိုင်ဘူး။ အရမ်းပူတော့ မိတ်အိုင်း လိုမျိုး အနာတွေ ထွက်တာ မျက်နှာမှာရော ခေါင်းထဲမှာရော အပူဖုတွေ ပေါက်တာလေ။ မိတ်ဖု အကြီးစားတွေပေါ့ ။ ဒီလိုအချိန် သရက်သီးမှည့် ကလဲ ပေါ်ပြီလေ။ ထမင်းစားလည်း သရက်ကင်း၊ သရက်သီးမှည့် ဆိုတာနေတိုင်းစား၊ ပူတော့ ရေခဲရေသောက် ရေခဲသုတ်စားနဲ့ မျက်နှာ တစ်ခုလုံး အပူဘုတွေ ပေါက်လာ ပါလေရော။ အနာလို့ မပြောရ ဘူး သိပ်နာတာ၊ တလုံးက မှည့်ပြီး သွေးတွေ ပြည်တွေ ထွက်သွားပြီဆို နောက်တစ်လုံး ပြန်ပေါက် လာရော။
ဒီလို သိပ်ပူပြင်းရင် သက်ကြီရွယ်အိုတွေ သေကြတယ်။ ကလေး တွေသေကြတယ်။ လူလတ်ပိုင်းတွေ ကျတော့ ပူလွန်းတော့ ရေခဏ၊ ခဏ ချိုးတော့ အပူရှပ်ပြီး အဖျားကြီး ပြီး ဆေးရုံတင် ကြရတယ်။ အဖျားက တော်တော်နဲ့ မကျဘူးလေ။ ရေခဲတင် ရတဲ့ အထိ ကိုယ်အပူချိန် တက်ပြီး ဖျားတတ်တာ။
အသက်ကြီးတဲ့ (၈၀ ကျော် ၉၀) အတွင်း အဘိုးကြီး၊ အဖွားကြီးတွေဆို သိပ်ပူလွန်းတော့ အအိပ်ပျက်၊ အစားပျက်နဲ့ ချွေးထွက် ကများတော့ နေရထိုင်ရတာ သက်တောင့် သက်တာ မရှိလှဘူးလေ။ အဲယားကွန်းတွေ ပန်ကာတွေ လေအေးစက်တွေ ဆိုတာ မီးမှန်မှန် မရတော့ မကူညီ နိုင်တော့ဘူးလေ။ မိုးရေတွေ လုံလုံလောက်လောက် မရှိတော့ ရေအားလျှပ်စစ် ကလည်း မထုတ်လုပ် နိုင်ပြန်ဘူးပေါ့။ မီးစက်နဲ့ သုံးပေါ့ ဆိုရအောင်လည်း အင်ဂျင်ဝိုင်တို့ ဓတ်ဆီတို့က ၀ယ်ရသေးပြန် သေးတော့ တစ်နေကုန် ဘယ်သုံး နိုင်ပါ့မလဲ။
မန္တလေးက သက်ကြီးပိုင်းလူ တစ်ချို့က ဒီလို တစ်အား ပူလာရင် အိမ်မှာရှိတဲ့ အသက်ကြီးတဲ့  ဘိုးဖွား မိဘတွေကို  မေမြို့ (ပြင်ဦးလွင်) ကို ပို့ထားကြတယ်။ ပြင်ဦးလွင် မေမြို့ ကတော့ မန္တလေးထက် ၁၂ ဒီဂရီလောက် အပူချိန်က လျော့တာကိုး။ ကျွန်မတို့ အဖွား ရှိတုံးက တော့ မေမြို့ အလွန် ပိတ်ချင်းမြှောင် နားက ၀က်ဝံရွာလေး မှာ ခဏ ပို့ထားရတယ်။ အဲဒီမှာ ပိတ်ချင်းမြှေင် ရေတံခွန် နဲ့ ကပ်လျက် မှာပဲ ၀က်ဝံ ဘုန်းကြီးကျောင်း ဆိုတာ ရှိတယ် ၊ အဖွားနဲ့လည်း ဒကာမရင်းတွေ ဖြစ်တော့ နေစရာလေးတော့ အဆင်ပြေ သွားတာပေါ့လေ။ အဲဒီကတော့ မေမြို.ထက်တော့ နည်းနည်း လေး ပိုအေး ပြန်တယ်။ နေလို့ ပိုကောင်းတယ်။
ပြင်ဦးလွင် ကတော့ မန္တလေး နဲ့တစ်ခြားဆီပေါ့ ။ ပေအမြင့် (၃၅၀၀) အထက်မှာ ရှိတဲ့ တောင်ပေါ်မြို့ ဆိုတော့ ဥတုရာသီက အနည်းဆုံး ၁၂ ဒီဂရီလောက် ကွာတယ်။ ခုလိုချိန်ဆို သူလို ကိုယ်လိုပဲ အပူရှောင် ရောက်လာကြတဲ့ ဧည့်သည်တွေက မန္တလေး ကတင် မကဘူး၊ မုံရွာ၊ ရွှေဘို၊ မိတ္တီလာ စတဲ့ မြို့တွေကနေ လာနေကြတာ။ ပြင်ဦးလွင်က ရိပ်သာတွေမှာ ဆိုလည်း လူတွေပြည့်လို့။ တည်းခိုခန်းတွေ၊ ဟော်တယ် တွေမှာလည်း စနေ၊ တနင်္ဂနွေဆို လူတွေပြည့်လို့။ ဒီလို ပူပြင်းတဲ့ ကာလအတွင်း အိမ်ငှား နေလိုသူတွေ ကတော့ လွယ်လွယ် ရှာလို့ ငှားလို့ မရကြဘူးပေါ့။ ဒီလို နေနိုင်တယ် ဆိုတာကလည်း သက်ကြီး ရွယ်အို တစ်ချို့ လူနည်းစု ပါပဲလေ။
နေ့စဉ် ရုန်းကန် လူပ်ရှား သွားလာနေ ရတဲ့ သူတွေ အတွက် ကတော့ ဒီလို ဘယ်နေနိုင်မှာလဲ။ ပူတဲ့ ဒဏ်ကို လူးလိမ့် ခံရုံပဲပေါ့ ။ ပူတာနဲ့ ရေတွေအငွေ့ ပျံပြီး ရေတွင်း ရေကန်တွေ ခန်းခြောက်ကုန် တော့ ရေရှားတဲ့ ဒုက္ခ က ထပ်တိုး လာပြန်တယ် ။ တို့မြန်မာ နိုင်ငံမှာ အခုချိန်ထိ ရေတွင်း ရေကန်၊ မြစ်တွေ၊ ချောင်းတွေ က ရေကို အားကို သုံးစွဲနေတဲ့ ဒေသတွေ လည်း ခုထိ ရှိနေသေးတာကိုး ။
ဒီနှစ် ပူပြင်းခြောက်သွေ. ပုံများတော့ ရေတွင်း ရေကန်တွေတောင် ရေခန်းတဲ့ အတွက် သောက်သုံးရေ ရှားပါးတာတွေ တစ်ချို့ဒေသတွေ မှာ ရင်ဆိုင် ကြုံတွေ့ နေရသတဲ့။ ဒီလို မိုးခေါင်ပြီး ရေရှားတော့ နွားတွေ ၊ ငါးတွေ စတဲ့ တိရစ္ဆာန်တွေ ဟာ မြစ်ချောင်း အင်းအိုင် တွေက ရေအိုင်တွေ ခမ်းတော့ အစာရေစာ ငတ်ပြတ်လို့ သေကုန်ကြတယ်လို့  ကြားရတယ်။ ဥတုရဲ့ ဖောက်ပြန်မူ့ဟာ လူသာမက တိရစ္ဆာန်တွေ ကိုပါ ဒုက္ခရောက် စေတာပါလားနော်။ လူ.ဘ၀ရဲ့ ဘေးအန္တရာယ် တွေက  များပြား လှပါလား လို့တောင် ကျွန်မ တွေးမိတယ်။ ရေဘေးကြောင့် သေရ၊ လေဘေးကြောင့်သေရ၊ နေကြောင့်သေရ၊ ငလျှင်ကြောင့် သေရနဲ့ သေးရတဲ့ ဘေးအန္တရာယ် တွေက များလှပါတယ်။  တို.လူသား တွေမှာလည်း တကယ်တမ်း ဘေးအန္တရယ် နဲ့ကြုံတွေ. လာတဲ့အခါ မိမိကိုယ်မှ တစ်ပါး အခြား ကိုးကွယ်စရာ မရှိတာ အမှန် ပါလားနော်။ ဒါကြောင့် မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားရမယ် ဆိုတာလို  ကျင့်ကြံ နေထိုင် နိုင်မှ တော်ရုံကျမှာ။
ဥတုရာသီက သိပ်ပူပြီး မီးက မှန်မှန်မရတော့ ဖယောင်းတိုင်တွေ ထွန်းကြရရော။ ဖယောင်းတိုင်က သိပ်ပူတဲ့ အချိန်မှာ ထွန်းတာက တစ်ကြောင်း၊ ဖယောင်းသားက အမာစား မဟုတ်တာက တစ်ကြောင်းကြောင့် မီးထွန်းထားရင် ကွေးကောက် ကျလာတတ်သေးတယ်။ ဒီလိုကွေးငိုက် ကျလာတာကို ထွန်းထားတဲ့ သူကမမြင်ရင် ပူလွန်လွန်းလို့ ကြွပ်ခြောက်နေတဲ့ နေအိမ်မှာ မီးဘေး လွယ်လွယ်နဲ့ သင့်နိုင်တယ် မဟုတ်လား။   ဒါကြောင့် ဖယောင်းတိုင်တွေ ထွန်းကြရင် သတိလေး ရှိစေချင်တယ်။ ကျွန်မတို့ မြန်မာပြည်မှာ ခုချိန်ထိ ဖယောင်းတိုင် ထွန်းပြီး အသုံးပြုနေ ရတဲ့ အိမ်တွေ ရှိနေသေး တုံးပဲ မဟုတ်လား။
 ပြီးတော့ ပူတယ်ဆိုပြီး ရေရှိတဲ့ အရပ်က ရေကို ခဏ ခဏ ချိုးကြပြန်တယ် ။ အဲဒီကနေ နာတတ် ဖျားတတ် တဲ့ အန္တရယ်လည်း ရှိသေးတယ်။ ရေတွင်း ရေကန်တွေက ရေခန်းခြောက်တော့ သောက်ရေ ရေရှားပါးတဲ့ ဒုက္ခ ကြောင့် ခန္ဓာကိုယ် အတွင်း ရေဓတ် ခမ်းခြောက်တာနဲ့ သောက်ရေမသန့် တာတွေကြောင့် ၀မ်းပျက် ၊ ၀မ်းရောဂါတွေလည်း ဖြစ်နိုင်သေးတယ်။
 အခုလို ပူနေရင် လူတွေအဖို့ မီးကြောက်ရ၊ ရောဂါကြောက်ရ ၊ သောက်သုံးရေ လုံလုံလောက်လောက် မရနဲ့မို့ မိုးတွေ များများရွာပြီး အပူချိန်တွေ ကျဆင်း စေချင်လှပါပြီ။ ရတနာ သုံးပါးဂုဏ် ကျေးဇူးကြောင့် တပြည်လုံးမှာ အပူရှိန်တွေ လျော့ကျ သွားပါစေ။ နောက်ထပ် အပူရှိန်တွေလည်း ထပ်မတက် လာပါစေ နဲ့တော့။ ဥတုရာသီရဲ့ အနှိပ်အစက်ကို ပေါ့ပေါ့ တန်တန်သာ ခံစား ကြရပါစေ။ ဥတုရဲ့ ဖောက်ပြန်မူ့ဟာ လူသားတွေ ခံရတာ တယ်များ ပါလားနော်။ ကျွန်မတို့ လူသားတွေ တတ်နိုင်သလောက် လူသား အချင်းချင်း ရိုင်းပင်း ကူညီပြီး တရားမျှတမူ့ ရှိအောင် နေကြထိုင်ကြမှ တော်ကာ ကြတော့မယ်။ လူက ဥတုကို ကြည့်ပြီး ကိုယ့်အသက် ရှင်အောင် နေကြ ရတာဆိုတော့ သတိ ၀ရိယ လေးထားပြီး နေထိုင်ကြပါနော် လို့ တိုက်တွန်းပါတယ် ။ (by May Soe)

Wednesday, May 12, 2010

(မန္တလေး) မစိုးရိမ်ဓမ္မသဘင် ဆင်ယင်ကျင်းပမည်

ဓမ္မမိတ်ဆွေအပေါင်းတို့……….
တရားနာ ခြင်းသည် ကြီးမြတ်သော မင်္ဂလာ ချမ်းသာ တစ်ပါး ဖြစ်ပါ သောကြောင့် အပတ်စဉ် တရားပွဲများ ဆင်ယင် ကျင်းပလေ့ ရှိသော ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ (Clementi Temple) ကျောင်းတော် မြတ်တွင် ယခု လာမည့် စနေနေ့ ညနေ (၇) နာရီ (၃၀) မိနစ်တွင် ဓမ္မသဘင် ဆင်ယင်ကျင်းပမည် ဖြစ်ပါ သောကြောင့် တရားတော်နာ ကြွရောက်ပါရန် ခင်မင် ရင်းနှီးစွာ ဖိတ်ကြား အပ်ပါသည်။

ဒေါက်တာအရှင်ဝိစိတ္တ(ဓမ္မာစရိယ၊B.A,M.A,M.A,Ph.D)နှင့်ကျောင်းတော်မြတ်ကော်မတီတို့ဦးဆောင်ကာ
ဆရာတော် ရဟန်းဒကာDavidဦးကြည်ထွန်း၊ရဟန်းဒါယိကာမဒေါက်တာလဲ့လဲ့မိုးတို့နှင့်စေတနာရှင်၊ ပါရမီရှင်များ ဆင်ယင်ထားအပ်သော သာသနပါလ သိမ်တော် အတွင်း ပါရမီရှင်ဇနီးမောင်နှံ များဖြစ်ကြသော ဦးစန်းယုလှိုင် +ဇနီးဒေါက်တာလှနုဖြူတို့လှူဒါန်းပူဇော်ထားအပ်သောဇယမင်္ဂလာမာရ် အောင်မြင်ဘုရားကြီးရှေ့တော်မှောက်ဝယ်မန္တလေးမြို့မစိုးရိမ်ကျောင်းတိုက်စာချဆရာ
တော်  ဘဒ္ဒန္တ သောမာစာရ သည် ထူးမြတ်သောတရားတော်များကို ဟောကြားမည်ဖြစ်ပါသည်။
ဓမ္မကထိကဆရာတော် ဘဒ္ဒန္တ သောမာစာရ (မန္တလေး)
                        သာသနဓဇ ဓမ္မာစရိယ
                        သာသနဇောတိပါလ ဓမ္မာစရိယ
                        သာသန့နူဂ္ဂ ဟ ဓမ္မာစရိယ
 

 တရားတော်အမည်----"ဘ၀အလှ ဆင်းမြန်းကြစို့ " တရားဒေသနာတော် 
 နေ့ရက်   -----------  (၁၅.၅.၂၀၁၀) စနေနေ့

အချိန်        
ညနေ ၇နာရီ ၃၀ မှ ၉ ၀၀ နာရီထိ

နေရာ
      ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ ကျောင်းတော် (Clementi Temple)
      23A , Jalan Mas Puteh Along West Coast Road Singapore 128628,
      Near Esso Station

(တရားပွဲ ဖြစ်မြောက်ရေး ကော်မတီ)
Ph; 6778 1678, 91220887
www.anantametta.org

မှတ်ချက်။ ။တရားတော်နာ ကြွရောက် လာသော ပါရမီရှင် များအား မြန်မာ့ရိုးရာ မုန့်တီဖြင့် ကျွေးမွေးပါမည်။ 


၁၊ အလှဆင်လို၊ များပုဂ္ဂိုလ်၊ ဘယ်လိုတရား ပွါးမလဲ။
၂၊ မနောလှမှ၊ ရုပ်လည်းလှ၊ ဘ၀လှမည်သာ။
၃၊ စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းလှ၊ ဒို့ဘ၀။

(အမေ)

   အမေ့ကိုချစ်သူများအတွက်
                  (အမေ)
    အမေ
          မြင်းမိုရ်တောင်ကြီး ဘယ်လောက်ကြီးကြီး
         အမေ့မေတ္တာ ခြေဖဝါးအောက်
       ဝင်ရောက်ခတွား ဦးညွတ်ရစမြဲပါ အမေ ။
အမေ
       သမုဒ္ဒရာရေပြင် ဘယ်လောက်ကျယ်ကျယ်
      အမေ့မေတ္တာ သွေးပေါက်လေးကြား
     ဝင်ရောက်ခတွား စီးဆင်းရစမြဲပါ အမေ ။
အမေ
      နေမင်းအလင်းရောင် ဘယ်လောက်တောက်တောက်
    အမေ့မေတ္တာ မျက်ဝန်းပြာထဲ
  ဝင်ရောက်ခတွား ရောင်ခြည်ချက်၍
  ဦးညွတ် ခစားရစမြဲပါ အမေ ။
အမေ
     လမင်းရိပ်ရောင် ဘယ်လောက်အေးအေး
   အမေ့မေတ္တာ အပြုံးရိပ်လောက်
 မငြိမ်းချမ်းခဲ့တာ ထာဝရပါ အမေ ။
အမေ
     နတ်ပန်းမဉ္ဖူ ဘယ်လောက်မွှေးမွှေး
   အမေ့နဖူးစ ချွေးရနံ့လောက်
  ဂုဏ်မြောက်စံတင် မထုံသင်းခဲ့တာ
  ထာဝရပါ အမေ ။
အမေ
       တကယ်တော့ အမေဟာ
      ကြီးမားမေတ္တာ အကြင်နာနှင့်
     ရဲရဲနီသွေးကိုမှ ဖြူလွှလွှနို့ချိုအဖြစ်
    ပြောင်းလွဲနိုင်စွမ်းခဲ့သူပါအမေ ။
အမေ
     လောကကြီးတစ်ခုလုံးမှာ
    မေတ္တာစွမ်းးအားနှင့်
    ရဲရဲနီသွေးကိုမှ
   နို့ချိုအဖြစ် ပြောင်းလဲနိုင်စေသူဟာ
  အမေဆိုတဲ့ အမေတစ်ယောက်တည်းပါပဲ  အမေရယ် ။
 တစ်လောကသားလုံး အတွက်
အမေဟာ တစ်ယောက်တည်းပဲရှိတယ် အမေ
အဲဒါဟာ အမေ ပါပဲ အမေ ။
သားငယ်ကို အမေ ချစ်တယ်
အမေ့ကိုလည်း သားငယ်ချစ်တယ် အမေ
သားငယ်ချစ်တဲ့ အမေ့အပြုံးအတွေ
လမင်း ၊ နေမင်းကွယ်ခဲ့ရင်တောင်
သားငယ်အတွက် ထာဝရအေးမြလို့
အမြဲတောက်ပ လင်းလက်နေမှာပါ အမေ ။
အမေ့ နဖူးစက ချွေရနံ့လေး
သားငယ်အတွက်
ထာဝရ သင်းပျံ့လို့
အမေ့မေတ္တာဟာ ကမ္ဘာကြေပေမဲ့
ဘယ်တော့မှ အရောင်မပြေပါဘူး အမေ ။
သားငယ်ချစ်တဲ့ အမေ
ဘေးရန်ကင်းလို့ ကျန်းမာပါစေကြောင်း
အမေ့မေတ္တာဂုဏ် ဦးခိုက်ရည်ညွန်းယင်း
သားငယ်တောင်းဆု ပြုပေးလိုက်ပါတယ် အမေ ။
အမေ ကျန်းမာပါစေအမေရယ် နော် ။
 အရှင်အရိယဝံသ(ရင်တွင်းဖြစ်)
(9, 5, 2010)


Monday, May 10, 2010

ကမ္ဘာ့ အမေများနေ့ အမှတ်တရ ။ (9th May 2010)

ကမ္ဘာ့ နိုင်ငံ အများစု ကတော့ နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုတဲ့ အနေနဲ့ နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ (Mothers’ Day) လို့ သတ်မှတ်ခဲ့ ကြတယ်လေ။ ကျွန်မတို့ မြန်မာ နိုင်ငံမှာတော့ အမေနေ.ကို  ၁၉၉၅-ခုနှစ်၊ ပြာသိုလ် လပြည့်နေ့ မှာ စပြီး ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခ၏ ကြိုးပမ်း အားထုတ် မှု.ကြောင့် ပြာသိုလ် လပြည့်နေ့ကို အမေနေ့ အဖြစ် သတ်မှတ် နိုင်ခဲ့တယ်လေ။ မြန်မာ့ ပြက္ခဒိန်မှာလည်း ပြာသိုလ်လပြည့် အမေ့နေ့ အဖြစ် ကမ္ဗည်းတင် နိုင်ခဲ့တာပေါ့။
တကယ်တော့ အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား အတူတူပါပဲလေ။ ဒါပေမယ့် အမေနေ့ဆိုပြီး သတ်မှတ် လိုက်တဲ့အခါ အမေ့ကို တခြား နေ့တွေထက်ပိုပြီး အလေးအနက် အောက်မေ့ သတိရ မိပါတယ်။ ဒီနေ.လေးမှာ ထူးကဲစွာ အမေ့ရဲ့ ဂုဏ်ကျေးဇူးတွေ အအေးမြဆုံး ဖြစ်တဲ့ အမေ့မေတ္တာတွေ ကိုတော့ အောင့်မေ့ တမ်းတ မိကြ မှာပါလေ။ ကျွန်မ ကတော့ မေမေ နဲ့ ဝေးနေရလို့ အမေ့အကြောင်း စာတွေရေးရင် စာဖွဲ့လို့ မကုန်သလို လွမ်းမိပြီး မျက်ရည်ကျ မိမှာမို့ မေမေ့ကို ရင်ထဲကပဲ ဂါရ၀ပြု လိုက်ပါရစေ ။
အမေ့ကိုပဲ သတိရကြောင်း ပြောပြော နေရပေမဲ့ ကျွန်မ အဖေကိုလည်း ချစ်ရ တာပါပဲလေ။ ဟိုတုံးကလည်း အိမ်ထောင် တစ်ခုဟာ အဖေ တစ်ယောက်တည်း စီးပွားရှာရုံနဲ့ လုံလောက်တော့ အိမ်သားတွေ အချင်းချင်း အတူနေကြ တွေ.ဆုံကြတဲ့ အချိန်တွေက အများကြီး ရှိခဲ့တယ်လေ။ ကျွန်မအဖေ ကတော့ ငွေရှာရုံသက်သက် မဟုတ်ပဲ မိသားစု လုံခြုံမူ့၊ မိသားစု ရဲ့ရှေ့မှာ နောက်မှာ ဘေးမှာ မားမားမတ်မတ် ရပ်တည် ပေးခဲ့တဲ့သူပေါ့ ။ အမေကတော့ အိမ်ထောင့် တာဝန်တွေကို လုံခြုံအောင် ထိန်းသိမ်း တတ်တယ်။ စည်းကမ်း သိပ်ရှိတယ်။ ကျွန်မတို့ အရွယ်ရောက်တာနဲ့ နေထိုင်ပြောဆို ပုံတွေကို အမြဲတမ်း ဆုံမ သင်ကြား ပေးခဲ့တယ်လေ။ မေမေကတော့ သမီးတွေနဲ့ အတူအိပ်၊ အတူစား အတူနေတာ များတာကိုး။ တိုင်ပင်စရာ ရှိလည်း တိုးတိုးဖော် ဆိုသလို အမေကိုပဲ ပြောပြ ခဲ့ရတာလေ။
ကျွန်မတို. ကြီးပြင်း ခဲ့ရတဲ့ ဘ၀က မိခင်နို့ရည်ကို လနဲ့ချီ သောက်သုံးခဲ့ရ လို့လား မပြောတတ်ပါဘူး မိခင်ကို ပိုတွယ်တာ မိကြတာ။ မိခင် နို.ရည်ကြောင့်လည်း မိခင်နဲ့ ကလေး ကြားမှာ ချစ်ခြင်းမေတ္တာ ပိုရစေတာ အမှန်ပဲ မဟုတ်လား။ ဆင်းရဲတာ ချမ်းသာတာ အသာထား၊ နွေးထွေးတဲ့ မေတ္တာကိုတော့ ရခဲ့ကြတယ်လေ။ ကျွန်မ အမေနဲ့ စခွဲတဲ့ နေကတော့ ကျွန်မကို ကျောင်းစထား တဲ့နေ့ပေါ့ (၄)နှစ်ခွဲလောက်မှ စပြီး ကျောင်းစ တက်ရတယ် ။ အဲဒီနေ.က ကျွန်မ အမေ့ထမီကို လက်နဲ့ ဆုတ်ထားပြီး မထားခဲ့ပါနဲ့ မေမေရယ်ဆိုပြီး ငိုလိုက်ရတာ ၊ အမေက ပစ်သွားပြီ ထားသွားပြီလို့ စိတ်ထဲမှာ ထင်နေတာကိုး။ ကျောင်းက ဆရာမကတော့ ချော့မော့ ရှာတယ်လေ။ သို့ပေမဲ့ ကျွန်မက အမေ့ထမီ ကို ဆွဲပြီး ကုတ်သတ် ထားတာ။ မလွတ်ဘူးလေ။ နောက်တော့ အမေက သမီး မေမေက ကျောင်းရှေ.က ခုံမှာ ထိုင်စောင့်နေမှာ ဒီမှာ ခဏလေး နေခဲ့ရမှာ လို့ချော့ပြောပြီး ကျောင်းက ဆရာမ လက်ထဲကို ထည့်လိုက်ပါတယ် ။ ကျွန်မ အမေ့ဘက်ကို ပြန်လှည့် ကြည့်တော့ အမေ့ကျောပြင်ကို ကြည့် ပြီး ၀မ်းနည်းပြီး ပိုငိုတာပေါ့။ အမေကလည်း လှည့်ကြည့် လှည့်ကြည့် နဲ့လေ။ အမေက တော်တော် နဲ့ လှည့်ထွက် မသွားသေးပဲ ကျောင်းရှေ့နားက တံခါးလေးက ခုံတန်းမှာ ၁နာရီလောက် ထိုင်ကြည့် နေတယ်။ နောက်တစ်ပတ်လောက် ကြာတော့မှ အကျင့်သား ရသွားတယ်လေ။ ဒီလိုခံစားချက်မျိုး ကျွန်မ တစ်ယောက် တည်း ခံစားရတာတော့ မဖြစ်နိုင်ပါဘူး၊ နွေးထွေးမူ. ချစ်ခြင်း မေတ္တာ ဆိုတာ လူတိုင်း ရင်ထဲမှာ လိုအပ်နေတဲ့ အရာလေးပါ။ 
ခုခေတ်ကတော့ ရှိသမျှအိမ်သားတွေ အလုပ်လုပ်ရတဲ့ အပြင် နိုင်ငံရပ်ခြားမှာ တောင် အလုပ်သွားလုပ် နေရတဲ့ ခေတ်ကြီး ဖြစ်နေကြတယ်လေ။ မိုးလင်းက မိုးချုပ် အလုပ် သိပ်များလွန်းလို့ အချိန်မလောက်တော့ မိသားစု အတူနေချိန် တွေ့ဆုံချိန် တွေကလည်း နည်းလာတယ်။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာ မိခင်လောင်းတွေ ကိုယ်တိုင် ကလည်း စီးပွားရေးနဲ့ အလုပ်ကိုပဲ ဦးစား ပေးကြတာ တွေ့နေရပြန်တယ်။ လူနေမူ့ စရိတ်စက တွေက သိပ်ကြီးတာကိုး။ တစ်ချို.မိခင်တွေဆို ကလေး မွေးဖွားပြီး ၄၅ ရက်ပြည့်တာနဲ့ အလုပ် ပြန်တက်ကြတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို အချိန်ဆိုရင် မိဘ ဆွေမျိုး ရင်းခြာ တွေက ဘေးမှာ သိုင်းသိုင်း ၀ိုင်းဝိုင်း ရှိနေပေမဲ့ နိုင်ငံခြားမှာတော့ အကြောင်းကြောင်းတွေကြောင့် ရေရှည်နေလို့ မရကြတော့ နောက်ဆုံး လသားလေးပဲ ရှိတဲ့ ကလေးလေးကို  Maid လို့ခေါ်တဲ့ အမျိုးသမီး တစ်ဦးကို ပြုစုစောင့်ရှေက်ဖို့ ထားရစ်ခဲ့ ပြီး အလုပ်ထွက်လုပ် ကြတယ်လေ။ အဲဒီ အမျိုးသမီး ကတော့ ကလေးတာဝန်တွေ အကုန် ယူရတာပေါ့။
မိခင်စိတ် မရှိလို.တော့ မဟုတ်ဘူးပေါ့ ၊ အစစ အရာရာ လူ့နေမူ့ စရိတ်တွေက ကြီးတာက တစ်ကြောင်း ၊ လက်ရှိုနေတဲ့ အလုပ်ကိုလည်း မစွန့်လွတ်ချင်ဘူးပေါ့ ။ တစ်ချို.ကျတော့ လည်း စီးပွားရေး ဆန်ဆန် တွက် ရင်တော့ ကိုယ်ရတဲ့ လစဉ် လစာ နဲ့ အခုလို ကလေးထိန်း ကိုပေးရတာနဲ့ တွက်ရင် တွက်ခြေကိုက်တယ် ဆိုပြီး အလုပ်ဇော တွေပဲ ရှိနေခဲ့တယ်။ ဒါပေမဲ့ ကလေးကိုတော့ မိခင်တို့ ရဲ့မေတ္တာ အတိုင်း ချစ်နေတာပါပဲ ။ သို့သော် ဒီကလေး လေးရဲ့ အင်မတန်နုနယ် နေတဲ့ အရွယ်ကို သူလည်း သူ့အရွယ်နဲ့ သူတော့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ ခံစားချက် ရှိမှာပဲလေ ။ သူမပြော နိုင်လို့သာပေါ့။ မျက်လုံးက ကြည့်တတ်တဲ့ အရွယ်ဆို သူ့မျက်လုံးလေး တွေက ရှာနေမှာပေါ့ ။ သူ့စိတ်ထဲမှာ တစ်ခုခု လိုနေသလို ခံစားရရှာ မှာပေါ့။ သူလိုချင်တဲ့ နွေးထွေးတဲ့ မေတ္တာ ကိုရမှ သူစိတ်က ယဉ်ကျေးသိမ်မွေ့ ပြီး ကြီးလာရင်လည်း စိတ်ထားနူးညံ သိမ်မွေ့ပြီး မေတ္တာထား နိုင်မှာပဲပေါ့။ တစ်ခဏတာ စီးပွားရေး အတွက် အချက်နဲ့တော့ ကလေးနဲ့ မိခင်ကြား မေတ္တာတွေ ဝေးမကွာ စေချင်ပါဘူး။ ကလေးဆိုတာ ဘာအပြစ်မှ မရှိဘူး သိပ်နုနယ်ပါတယ်။ ထိန်းကျောင်းရမှာက မိဘတွေရဲ့ တာဝန်ပဲလေ။ သားသမီးတွေက အသက်လေး နည်းနည်း ရလာလို့ စကားလည်း ပြောတတ်ပြီ သိနားလည် တာနဲ့ ကိုယ့် ကို စိမ်းစိမ်း ကားကား စကားတွေ ပြောလာတဲ့ အခါမှ မျက်ရည် ကျတဲ့မိဘတွေ တွေ့နေရတယ်။ သားသမီး မကောင်း မိဘခေါင်း ဆိုတဲ့ ဆိုရိုးစကား ရှိတယ်လေ။ သူတို့ကို အရင်နားလည် မူ့ပေးမှ သူတို့ကလည်း ကိုယ့်အပေါ် နားလည်မှာပေါ့။ အလုပ်မလုပ် ရဘူးလို့တော့ မဆိုလိုပါဘူးနော်။ မိသားစု ပျော်ရွှင် သာယာရေး အတွက် လုပ်ငန်းတာဝန် ၊ စီးပွားရေး တွေကို အခြေအနေရယ် အချိန်အခါရယ်ကို လိုက်ပြီး အချိုးကျအောင် စီမံခန့်ခွဲ နိုင်ရင် အကောင်းဆုံးပါပဲ။   မိခင်ဆိုတာ ကလည်း အမျိုးသမီးတွေ ပဲ ဖြစ်ခွင့်ရတာလေ။ အမျိုးသမီးတွေ နဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ၀န်ဆောင်မူ့ တစ်ခု ကတော့ အမျိုးသမီး တစ်ဦးက သန္ဓေသားကို အငှားကိုယ်ဝန် ဆောင်ပေး သတဲ့။ ဒီလို ၀န်ဆောင် မူ့မျိုးကို သတ္တိနဲ့ ဆောင်ရွက်ပေးတဲ့ အမျိုးသမီးကိုတော့ ချီးမွမ်း ဂုဏ်ယူ မိသားနော်။ ၀န်ဆောင်ခ အခကြေးငွေ ရရှိမှာ မှန်ပေမဲ့ ကျွန်မတို့ မိန်းမတွေ ဘ၀ပြသနာ ဖြေရှင်းကြရပုံ အမျိုးမျိုး ရှိတဲ့အပြင် မလွယ်လှတဲ့ ဘ၀တိုက်ပွဲတွေ ပါလား လို့ တောင် စဉ်းစားမိတယ်။
ကျွန်မ ကိုယ်တွေ. တစ်ခု ပြောပြရဦးမယ်။ ကျွန်မ အိမ်ဘေးက အသိတစ်ယောက် (အမျိုးသား တစ်ဦးက)က အိမ်ထောင် ကျပြီး သိပ်မကြာဘူး မိန်းမက နှလုံးရောဂါ ရှိလို့ ကလေးတစ်ယောက် မွေးပြီး ကွယ်လွန် သွားရှာတယ်။ သိပ်မကြာချင်ဘူး အဲဒီ မုဆိုးဖိုက နောက်အိမ်ထောင် ထပ်ပြုတယ်။ သူပြုတဲ့ မိန်းကလေးက သူ့အိမ်မှာ ခေါ်ထားတဲ့ အိမ်ဖော်  မိန်းကလေး၊ အဲဒီလူက သူ့မိဘ ဆီကရတဲ့ အတွင်း ပစ္စည်းလေး နည်းနည်း ပါးပါး ရှိပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် ဘာအလုပ်မှ မယ်မယ်ရရ စီးပွားမရှာ ခဲ့ဘူးလေ။ အလုပ်သာ မလုပ်တာ အဲဒီ အမျိုးသမီးလေးနဲ့ မွေးလိုက်တာ၊ ကလေးတွေက ဟောတစ်ယောက် ၊ ဟောတစ်ယောက်နဲ့။ သူကိုတောင် ရပ်ကွက်ထဲက လူတွေက ရှင်မွေးလွန်းဆို တောင် နာမည်ပြောင် ပေးထားကြတယ်။ သူတို့အတူ နှစ်ပေါင်း နှစ်ဆယ်လောက် ပေါင်းသင်း ခဲ့ကြပြီးတော့  ယောကျာ်း ဖြစ်သူ သေသွား တယ်လေ။ အဲဒီ ကာလ အတွင်း မှာ ကလေး (၁၄) ယောက်မွေး သတဲ့။ ဒါတောင် (၃) ယောက်က ငယ်ငယ်နဲ့ သေသွားလို့ တဲ့လေ။ သူသေတော့ အဲဒီအမျိုးသမီး မှာ ကလေး (၁၁) ယောက် ကျန်ရစ်ရှာတယ်။အဲဒီ ကလေး (၁၁) ယောက်ကို လူလားမြောက် အောင် ကျွေး မွေး သုတ်သင်တယ်။ ကျောင်းထားလို့ ရတဲ့ ကလေးကို ကျောင်းထားပြီး ပညာသင် ပေးတာ (ရ) ယောက်တောင် ဘွဲ့ရ ပညာတတ်တွေ ဖြစ်သွားသတဲ့။ အဲဒီ အမျိုးသမီးဟာ တစ်သက်လုံး ကိုယ်ဝန်ဆောင်ရ ၊မွေးရ၊ မွေးပြီး ကျွေးမွေး သုတ်သင် ရင်းနဲ့ သူ့ဘ၀မှာ အသက်ရူဖို့တောင် အချိန်ရ နိုင်စရာ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အံ့သြစရာ ကောင်းတာက အဲဒီ အမျိုးသမီးဟာ ကလေး(၁၁) ယောက်ကို ကျွေးမွေး သုတ်သင် နိုင်ရုံသာမက အားလုံးစားရ သောက်ရအောင် တစ်သက်လုံး မုန့်ဟင်းခါး ရောင်းလိုက်၊ အသုတ်စုံ ရောင်းလိုက်၊ ခေါက်ဆွဲကြော်သည် ဖြစ်လိုက် ၊ကျောင်းဈေးသည် လုပ်လိုက်နဲ့ သူတို့ လင်မယားရော ဒီကလေး (၁၁) ယောက်လုံး စားဖို့ သူပဲ နေ့တိုင်း ရှာဖွေတာပါ။
သူနာမည်က မညွန့်မေတဲ့။ ကျွန်မ အမေကလေ အဲဒီ မညွန့်မေ ဘ၀ကို ကြည့်ပြီး ၊ မညွန့်မေနဲ့ တွေ.တဲ့အခါဆို ချီးကျုး လိုက်တာ၊ မြန်မာမ ပီသပါပေတယ် ၊ ညည်းမို့လို့ ဒီလောက် စွမ်းဆောင် နိုင်တာပါ ။ ငါညည်းကို တကယ် တန်ဖိုးထား မိပါတယ်အေ လို့တောင် ကျွန်မ အမေ ကပြောဆိုမိ တတ်သေးတယ်။
သူသားသမီး (၁၁) ယောက်ကို ဦးပဲ့ထမ်းသူ မရှိဘဲနဲ့ သူတစ်ယောက်တည်း မညီးမညူ မွေးကျွေး သုတ်သင်ပြီး လူဖြစ်အောင် ဆောင်ကျဉ်းခဲ့ တယ်ဆိုတဲ့ သူ့ဘ၀ ၊ သူ့ဒုက္ခ၊ သူ့သတ္တိကို ဘယ်မိန်းမက မလေးစားပဲ နေပါ့မလဲ။
ကျွန်မ ပြောချင်တာကတော့ တို့မိန်းမတွေမို့ ဒီလိုစွမ်းနိုင်တာပေါ့ ။ တကယ်တော့ သူသာလားဆိုတော့ သူလိုမိန်း မတွေ အများကြီး မြန်မာပြည်မှာ ရှိနေပါတယ်။
ဒါကြောင့် မိန်းမဟာ မိခင်လောင်းပါ၊ မိခင်ရဲ့ အားမာန်ကို လူ့လောက ကတိုင်းတာလို့ မရစကောင်းပါဘူး ဖိနှိပ်ထား လို့လဲ မရနိုင်ပါဘူး။ လူ့လောက သာယာရေး အတွက် တို့မိန်းကလေး တွေရဲ့ စေတနာ မေတ္တာတွေက အများကြီး ဖန်တီးနိုင်ပါ တယ်လို့။ မိန်းမ မှာ မိခင်စိတ်က ကြီးမားတော့ မကုန်ခမ်းနိုင်တဲ့ အားမန်တွေရှိတယ်။
တကယ်တော့  အမေဆိုတာ သားတို့ သမီးတို့ရဲ့ နှလုံးသားတွေကို နူးညံ့စေခဲ့ပါတယ်၊ အမေရဲ့ နို့ချိုတွေက သားတို့ သမီးတို့ရဲ့ အသက်ကို ကြာရှည်အောင် အသက်ဆက်နိုင်ခဲ့တယ်၊ တကယ်တော့- အမေဟာ ဘယ်အရာနဲ့မှ အစားထိုးမရနိုင်တဲ့သူပါ၊
မိဘတိုင်း ကိုယ့်သားသမီးများကို ကောင်းမွန်တဲ့ စိတ်ဓတ်နဲ့ အသိတရားတွေ ပြည့်ဝလာအောင် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ မျိုးဆက်သစ်လေး များဖြစ်အောင် ပြုစု ပျိုးထောင်နိုင်ပါစေ လို့လည်း ဆန္ဒပြုပါတယ်။
ရေးသားသူ - မေစိုး