Monday, June 4, 2012

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် (ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)


စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။

၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “ ၈၈ မျိုးဆက်ကျောင်းသားများ ” မှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

စစ်တွေလူထုနှင့် ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွားပုံအကျည်း





542970 396929383692608 615316321 nစစ်တွေမြို့နာဇီရွာရပ်ကွက်တွင် မနေ့က RNDP စည်းရုံးရေးမှူး ကိုအောင်သန်းဝင်းနှင့် ကာယဗလမောင် ကိုသိန်းရွှေတို့အဖွဲ့ ပုဂ္ဂိုလ်ရေးပြဿနာဖြစ်ကြရာ ကိုအောင်သန်းဝင်းအား ကိုသိန်းရွှေတို့ဖမ်းဆီးသွားသည်ဟု ကောလဟာလ ဖြစ်ပြီးနောက်တွင် နာဇီရွာရပ်ကွက်သူ/သားများက ကိုအောင်သန်းဝင်းအား ပြန်လွှတ်ပေးရန် ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့တွင် ဆန္ဒပြတောင်းဆိုကြရာမှ အဓိကရုဏ်းဖြစ်ပြီး ရဲတပ်ဖွဲ့များနှင့် လုံထိန်းများက သေနတ်ဖြင့် ပစ်ခပ်ခဲ့ရာ တစ်ယောက် ခြေထောက်ပြတ်ပြီး ၁၁ယောက်မှာ စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ယင်းအဓိကရုဏ်းကို သွားရောက် ထိန်းသိမ်းခဲ့သူ RNDP လူငယ်တစ်ဦးမှ "မနေ့က ညနေလောက်မှာ လူတွေက အမှတ်(၁) ရဲစခန်းရှေ့ကိုရောက်လာပြီးတော့ ကိုအောင်သန်းဝင်းကို ထုတ်ပေးဖို့ပြောတယ်၊

ကျွန်တော်တို့လည်း ကိုအောင်သန်းဝင်းကို ခေါ်ပြီးတော့ ပြည်သူတွေရှေ့ကို ထုတ်ပြပါတယ်၊ ဒါပေမယ့် လူတွေက ကိုအောင်သန်းဝင်းမဟုတ်ဘူးလို့ဘဲပြောတယ်၊ ကိုအောင်သန်းဝင်းရဲ့ ဇနီးနဲ့သားသမီးတွေကိုခေါ်ပြပါတယ်၊ ဒါပေမယ့် သူတို့ကလက်မခံဘဲ ရဲစခန်းရှေ့မှာဘဲ ရုန်းရင်းခတ်နေကြတယ်" ဟု ပြောပြသွားသည်။

ညဥ့် ၁၀နာရီတွင် ပြည်သူများမှာ ရဲစခန်းအတွင်းသို့ ကျောက်ခဲများ၊ စူးများ၊ ဓါးများဖြင့် ပစ်ပေါက်ပြီး ရဲစခန်းကို မီးရှို့ရန် လုပ်ကြရာ ရဲတပ်ဖွဲ့ဝင်များက သေနပ် အပေါ်ထောင်ပစ်၍ လူစုခွဲသော်လည်း မရရှိကြောင်းသိရှိရသည်။

"ရဲတွေက သေနပ်အပေါ်ထောင်ပစ်ပြီး လူစုခွဲပါသေးတယ်၊ ကျနော်တို့ RNDPက လူကြီးတွေနဲ့ Olympic အလေးမ လူငယ်အဖွဲ့တို့ လူတွေကို ပြန်ကြဖို့ အဓိကရုဏ်း182330 396927973692749 572886655 n မဖြစ်ဖို့ ၀ိုင်းထိန်းကြပါတယ်၊ ဒါပေမယ့် လူတွေက ထိန်းလို့မရတော့ဘူး၊ အဲဒီအချိန်မှာ လုံထိန်းတွေရောက်လာပြီး လူတွေကို တစ်ခါတည်း ပစ်ထည့်လိုက်တာပါ"ဟု RNDP လူငယ်က ဆက်လက်ပြောသည်။

ယခုအချိန်တွင် ၀န်ကြီးများဖြစ်သော ဦးကျော်သိန်း၊ ဦးသာလူချေ၊ ဦးလှမောင်သာတို့ ဆေးရုံသို့ရောက်
ရှိနေပြီး သေဆုံးသူများနှင့်၊ ဒဏ်ရာရရှိသူများအား ဆေးကုသရန် အခငွေနှင့် အားပေးနှိမ်သိမ့်ပေးနေကြောင်း သတင်းရရှိသည်။

"သိန်းရွှေတို့အဖွဲ့ကလည်း အုပ်စုဖွဲ့၊ ရဲတွေနဲ့ပေါင်းပြီး ပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်နေတာကြာပြီ၊ သူတို့ လုပ်လေ့လုပ်ထရှိတော့ ပြည်သူတွေကလည်း သူတို့လုပ်တယ်ဆိုတဲ့အထင်နဲ့ အထင်မှားသွားကြပြီး မလိုအပ်တဲ့ပြဿနာတွေဖြစ်သွားကြတာပါ "ဟု မနေ့ညက သွားရောက်လေ့လာခဲ့သူ ကိုခိုင်လင်းနိုင်က ပြောပြသွားသည်။ (မင်းသ္မီး)

အထူးသတင်းထုတ်ပြန်



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့တွင် ၎င်း၏၀က်ဘ်ဆိုက်မှတစ်ဆင့် အထူးသတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန်ချက်အပြည့်အစုံမှာ

''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့်အညီ 
 နေထိုင်ဆောင်ရွက်ကြပါရန် မေတာရပ်ခံအပ်ပါသည်။''ဟုဖော်ပြထားသည်။

( Eleven Media Group )

ဒေါသထွက်ရင် ဘာကြောင့် အော်ကြတာလဲ


တစ်နေ့မှာ သူငယ်ချင်းတစ်ချို့ဟာ လမ်းလျှောက်ထွက်လာကြရင်း လမ်းဘေးတစ်နေရာမှာ ရန်ဖြစ်နေကြတဲ့ မိသားစု တစ်စုကို တွေ့သတဲ့။ 

ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် ကတောက်ကစ ဖြစ်ပြီး ဒေါသနဲ့ အော်ကြဟစ်ကြတာပေါ့လေ။
ဒါကိုတွေ့တဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်က 'ဒီလူတွေနှယ် တစ်ယောက်နဲ့ တစ်ယောက် 
ဒီလောက် နီးနီးလေးမှာ ရှိနေကြတာ ဘာကြောင့် ဒီလောက်တောင် အကျယ်ကြီးအော်နေကြတာ ပါလိမ့်' လို့ စကားစသတဲ့။
အဲဒီတော့ အခြား တစ်ယောက်က 'လူတွေဟာ ဒေါသထွက်လာရင် စိတ်တည်ငြိမ် မှုကို မထိန်းချုပ်နိုင်တော့လို့ ပေါ့' လို့ သူ့ထင်မြင်ချက်ကို ပြောတယ်။

အဲဒီလိုနဲ့ ထင်မြင်ချက်တွေ တစ်ယောက်တစ်မျိုး ပြောကြပေမဲ့ စိတ်ကျေနပ်လောက်တဲ့ အဖြေကို မရကြဘူး ဖြစ်နေသတဲ့။
အဲဒီ အချိန်မှာ ငြိမ်ပြီး စဉ်းစားနေတဲ့ သူတို့ထဲက တစ်ယောက်က သူရဲ့ ထင်မြင်ချက်ကို အခုလို ပြောပါတယ်။

"လူနှစ်ယောက် ဟာ တစ်ယောက်ကို တစ်ယောက် ဒေါသထွက်၊ စိတ်ဆိုးလာလေလေ သူတို့ရဲ့ နှလုံးသားတွေဟာ ဝေးသွားလေလေ ဖြစ်လိမ့်မယ်။
ဝေးသွားလို့သာ လှမ်းကြားနိုင်အောင် အော်ကြရတာ။ ဒေါသထွက်လေလေ ပိုပိုပြီး အော်ကြရလေလေ ပေါ့။

တစ်ယောက်နဲ့ တစ်ယောက် ဒေါသနဲ့ အော်ကြမယ်ဆိုရင် သတိရှိဖို့လိုပါတယ်။
ဘာကြောင့်လည်း ဆိုရင် အဲဒီလို အော်ကြတဲ့အခါ အပြန်အလှန် အနေနဲ့ နှလုံးသားတွေက လည်း အလွယ်တကူ ဝေးသွားနိုင်ကြလို့ပါ။
နောက်ဆုံး သူတို့ကြားက အကွာအဝေးက သိပ်ဝေးလွန်း သွားတဲ့အခါ တစ်ခုနဲ့တစ်ခု ပြန်နီးအောင်လာရမယ့် လမ်းကိုရှာမတွေ့ နိုင်တော့ပဲ ဘယ်လိုမှ ပြန်မနီးနိုင်ကြတော့ပါဘူး။

တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်နေတဲ့ သူတွေကို ပြန်ကြည့်လေ။ အော်ဖို့နေနေသာသာ ညင်ညင်သာသာ တိုးတိုးသက်သာ ပြောကြတယ်။

အဲဒါ သူတို့ ရဲ့ နှလုံးသားတွေဟာ နီးနေလို့ပေါ့။ နှလုံးသားချင်း အရမ်းနီးကပ်နေတဲ့ သူတွေဆိုရင် စကားပြောတဲ့ အခါ လေသံလေးနဲ့ပဲ ပြောဖို့ လိုတော့တယ်။ 

ဒါပေမယ့် အချင်းချင်း ကြားနိုင် နားလည် နိုင်တဲ့ အပြင် ပိုလို့တောင် အချစ်တွေ ဟာ နီးစပ်လာကြတယ်။
ဥပမာ ဖုန်းပြောနေတဲ့ သမီးရည်းစား နှစ်ယောက်ကို ကြည့်မယ်ဆိုရင် ဘေးနားမှာ ကပ်ထိုင်နေတဲ့ သူတောင် သူတို့ ဘာပြောနေလဲ မကြားရဘူး မဟုတ်လား။

နောက်ဆုံး နှလုံးသားတွေကြားမှာ အကွာအဝေး ဆိုတာ လုံးဝ မရှိတော့ဘူး ဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး။ အကြည့်လေးတစ်ချက် နဲ့တင် အားလုံးဟာ လုံလောက်သွားပါတယ်။" တဲ့။

(ဖေ့ဘုတ်မှာ တွေ့ဘူးတာလေးကို ဘာသာပြန်။)
https://www.facebook.com/photo.php?fbid=256242741078790&set=a.138294512873614.12056.135932356443163&type=1&theater)
ရန်နိုင်အေး
၁၃၇၄ ခု၊ နယုန်လပြည့်နေ့။

သတင်းမှားအရ အသတ်ခံရပါတယ်ဆိုသူကိုယ်တိုင် သူဘာမှမဖြစ်ကြောင်း ရှင်းလင်းပြတာတောင် ဆက်လက်ဆူပူမှုလှုံဆော်ခဲ့တာ ဘယ်သူတွေလဲ.........

( ပြည်သူတစ်ရပ်လုံးငြိမ်းချမ်းစွာဖြေရှင်းကြစေလိုပါတယ် )မနေ့ညပိုင်း ၁၀ နာရီလောက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရဲစခန်းရှေ့မှာ လူစုလူဝေးနဲ့ ဆူပူခဲ့ရာကနေ ပစ်ခတ်တဲ့အဆင့်အထိ ရောက်သွားခဲ့ရပြီး လူ တချို့ ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပွားပုံကတော့ လွန်ခဲ့တဲ့တလက ဈေးကောက်နှုန်းကြီးမားမှုကို ဦးဆောင်ပြီး ဆန္ဒပြခဲ့သူတဦးကို ဆန့်ကျင်ဘက်အုပ်စုက ဝိုင်းရိုက်လို့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ရာကနေ ဆူပူမှု ဖြစ်လာခဲ့ရတာပါ။ အခုလို ဖြစ်ပျက်ရတဲ့ အခြေအနေကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

  • “၁၀ နာရီကျော်ကျော်လောက်မှာ လူထုက ခဲနဲ့ ပေါက်တော့တာပါပဲ။ တအုပ်စုကို ၁၀၀ လောက်တော့ ရှိမယ်ဗျ။ ဟိုဘက် ၅၀၊ ဒီဘက် ၅၀ လောက်။ ရဲစခန်းကို ခဲနဲ့ ပေါက်ကြတာပေါ့။ ခဲနဲ့ပေါက်တော့ နာရီဝက်လောက် အထိကတော့ ဘာမှမလုပ်ပါဘူး။ ရဲက ဒီအတိုင်းကြည့်နေပါတယ်။ အဲဒါနဲ့တင် နောက် နာရီဝက်ကျော်ကျော်လောက် ကြာတော့ ရဲက သေနတ်နဲ့ မိုးပေါ်ထောင်ပစ်ပါတယ်။ ၁၁ နာရီခွဲလောက်မှာတော့ လူတွေကို တည့်တည့်ပစ်တော့တာပဲ။ အဲဒီမှာ လူ သုံးယောက် ကျနော့်ရှေ့တင်ပဲ ဒဏ်ရာ ရပြီးတော့ ဆိုင်ကယ်တွေနဲ့ တင်ပြီးတော့ ဆေးရုံကို အရေးပေါ်ပြေးသွားကြတယ်ခင်ဗျ။ ဒါပေမဲ့ လူအုပ်စုက ကွဲမသွားဘူး။ နောက်ထပ် ခဲနဲ့ ထပ်ပစ်နေကြတယ်။”

    ဈေးကောက်ကိစ္စ ဖြစ်ပွားခဲ့တာက အရင်အခေါ် နာဇီကျေးရွာ၊ စက်ရုံစုကျေးရွာ ဈေးမှာ ဈေးကောက် အဆမတန် မြှင့်ကောက်ခဲ့လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးအောင်သန်းဝေ ဦးဆောင်တဲ့ ဈေးသည်တစုက ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြပြီး ဈေးကောက်နှုန်းတွေ လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

    အဲဒီတောင်းဆိုမှုကြောင့် ရခိုင်ပြည်ထောင်စု ဝန်ကြီးချုပ်က ချက်ချင်းပဲ ဈေးကောက် အပြောင်းအလဲတွေ လုပ်ပေးခဲ့ပါတယ်။

    ရဲစခန်းရှေ့ကို ရောက်လာသူတွေက အရိုက်ခံရသူ ဦးအောင်သန်းဝေ သေဆုံးသွားတယ်၊ အလောင်းကို ကားပေါ်တင်သွားတယ်ဆိုတဲ့ သတင်းတွေကြောင့် ရဲစခန်းရှေ့မှာသွားပြီး အလောင်းရှာပေးဖို့၊ တရားခံတွေကို ဖမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

    ဒါကြောင့် ကာယကံရှင် ဦးအောင်သန်းဝေ ကိုယ်တိုင်က သူ ဘာမှ မဖြစ်တဲ့အကြောင်း ရဲစခန်းရှေ့ကိုကိုယ်တိုင်လာရောက် ဖြေရှင်းပုံနဲ့
    ပတ်သက်လို့ အခုလို ပြောပြပါတယ်။

    “လူထုက ကျနော့်ကို မတွေ့ရရင် မကျေနပ်တဲ့ သဘောမျိုး ဖြစ်နေတာ။ အဲဒါ လူထုကိုတော့ ကျနော် အကျိုးအကြောင်း ပြောပြလိုက်တာပေါ့။ သူတို့ ဦးအောင်သန်းဝေ အစစ် ဟုတ်မဟုတ်ဆိုတာ သူတို့လည်း သေချာ မသိကြဘူးလေ။ ကျနော့် မှတ်ပုံတင်ကဒ်ပြားတို့၊ ပါတီဝင်ကဒ်ပြားတို့ အကုန်ထုတ်ပြပါတယ်။ တချို့ကတော့ နားလည်ပြီး ပြန်သွားတယ်။

    တချို့ကတော့ အဲဒီမှာ အစ်မရယ် မူးယစ်သောက်စားထားတဲ့သူတွေ ပါတာပေါ့။ အဲဒီလူတွေကတော့ ခပ်ရိုင်း ရိုင်းပေါ့။ အကြမ်းဖက်ချင်တဲ့ ဆန္ဒသဘောထားတွေ တွေ့ရတယ်ခင်ဗျ။

    ကျနော်တောင်မှ မနေ့က ဟိုကောင်တွေ သတ်လို့မသေဘဲ ဒီက ကျနော့်တို့လူပါဆိုပြီးမှ ပါလာတဲ့ မသမာတဲ့သူတွေရဲ့ လက်ချက်ကြောင် မသေတာ ကံကောင်းပဲဗျ။
    အုပ်ခဲတွေရော ဘာတွေရော ပျံနေတပဲ။ ဒီက ရဲစခန်းမှာ။”

    ဦးအောင်သန်းဝေကတော့ ရဲစခန်းအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်နဲ့အတူ ရှိနေတာပါ။ အခုလို ပစ်ခတ်မှုတွေ စတင်ပုံနဲ့ ပတ်သက်လို့ ရဲစခန်းထဲမှာ ရောက်နေတဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

    “ဒီဘက်က ရဲစခန်းဝင်းထဲကို တံခါးဖွင့်ဖို့ လုပ်ကြတာ ရှိတာပေါ့နော်။ အဲဒီမှာ ရဲတွေနဲ့ တော်တော်များများ ပစ်ကြခတ်လိုက်ကြတာတော့ ကျနော်တို့ ကြားပါတယ်။ ကျနော်တို့ကတော့ လုံခြုံတဲ့နေရာမှာ ရှိတာပေါ့နော်။ အဲဒီ အကြာကြီးပေါ့နော်။ ခဲတွေနဲ့ ပစ်၊ ပုလင်းတွေနဲ့ ပစ်တဲ့အသံတွေ ကြားလိုက်ရပါတယ်။ အဲဒီနောက်မှာ အချက်ပေါင်း တော်တော်များများဟာ မိုးကို ထောင်ပစ်တဲ့သဘော ကြားပါတယ်။ အဲဒီနောက်မှာ တံခါးတခု ပွင့်သွားတယ်ဆိုတဲ့ အသံလည်း ကြားပါတယ်။ တံခါးရဲ့ လူဝင်ပေါက်လေး ပွင့်သွားတယ် ဆိုတဲ့အခါမှာ ဒီဘက်ကို ကျော်ဝင်လာမှာစိုးလို့ ထောင်ပစ်တဲ့သဘောလို့လည်း ကျနော်တို့ ကြားတာပေါ့ဗျာ။”

    စစ်တွေမြို့နယ်၊ အမှတ် (၁) ရဲစခန်းထဲမှာ ရှိနေတဲ့ ဒေါက်တာအေးမောင်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာပါ။

    ကျမတို့ ဆက်သွယ် မေးမြန်းချိန်ဟာ ညသန်းကောင်ကျော်
    အချိန် ဖြစ်နေပြီး အဲဒီအချိန်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကိုလည်း ဒေါက်တာအေးမောင်က အခုလို ပြောပြပါတယ်။

    ( VOA )
>ဇွန်လ ၁ ရက်မှစ၍ အာဆီယံနိုင်ငံများ အပါအ၀င် ၂၆ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြု လုပ်ငန်းဗီဇာသီးသန့်ကိုသာ ခွင့်ပြုပေးခြင်းဖြစ်ကာ အလည်အပတ်ဗီဇာ လျှောက်ထားသူများ မပါသေး PDF Print



ရန်ကုန်လေဆိပ်သို့ ၀င်ရောက်လာသူများအား စစ်ဆေးသည့် လူဝင်မှုကြီးကြပ်ရေး ကောင်တာကို တွေ့ရစဉ်

၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ အာဆီယံ နိုင်ငံများအပါအ၀င် ၂၆ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ခွင့်ပြုခဲ့သည့် ဆိုက်ရောက်ဗီဇာမှာ လုပ်ငန်းဗီဇာ (Business Visa) သီးသန့်ဖြစ်ပြီး အလည်အပတ် ဗီဇာလျှောက်ထားသူများ ကိုမူ ဆိုက်ရောက်ဗီဇာ ခွင့်ပြုခြင်းမရှိသေးကြောင်း သတင်းရရှိပါသည်။

ဆိုက်ရောက်ဗီဇာအား ပထမအဆင့်အဖြစ် ခွင့်ပြုမည့် ဗီဇာအမျိုးအစားအား သုံးမျိုးသတ်မှတ်ထားကြောင်း သိရသည်။ ယင်းဗီဇာသုံးမျိုးမှာ လုပ်ငန်းဗီဇာ(Business Visa) အား ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀နှင့် ခွင့်ပြုရက်ပေါင်း ၇၀၊ အစည်း အဝေး၊ အလုပ်ရုံဆွေးနွေးပွဲ တက် ရောက်ရန်နှင့် တွေ့ဆုံရန်အတွက် ပြည်ဝင်ဗီဇာ(Entry Visa)အား ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၀ နှင့် ခွင့်ပြုရက်၂၈ ရက်နှင့် ဖြတ်သန်းဗီဇာ (Transit Visa)အား အမေရိကန်ဒေါ်လာ ၂၀ နှင့် ခွင့်ပြုချိန် ၂၄ နာရီဖြစ်ကြောင်း သိရသည်။

''အခုခွင့်ပြုတဲ့ ဆိုက်ရောက်ဗီဇာက (Business Visa)သီးသန့် ဖြစ်ပါတယ်။ အလည်အပတ်နဲ့ ၀င်လာမယ့် ခရီးသွားတွေအတွက် မပါသေးပါဘူး။ဒါကြောင့်မို့ ဆိုက်ရောက်ဗီဇာ လျှောက်ထားသူကို မြန်မာနိုင်ငံ ကုမ္ပဏီကခေါ်တဲ့စာ၊ ၀င်လာမယ့်သူက အမည်ပျက်စာရင်းရှိ၊ မရှိနဲ့ မြန်မာ နိုင်ငံကခေါ်တဲ့ ကုမ္ပဏီက သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင် ခွင့်ပြုထားတဲ့ ကုမ္ပဏီ ဟုတ်၊မဟုတ် စတာတွေကို သေချာစိစစ်ပြီးမှ ခွင့်ပြုပေးနေပါတယ်''ဟု ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှု စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၃ ရက်နေ့က ပြောပြခဲ့သည်။

ယခု ခွင့်ပြုခဲ့သည့် ဆိုက်ရောက်ဗီဇာအား အာဆီယံနိုင်ငံများအားလုံးနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ ဖြစ်သည်။

လက်ရှိတွင် ဆိုက်ရောက် ဗီဇာဖြင့် ၀င်ရောက်ခဲ့သည့် ခရီးသည်ဦးရေမှာ ဇွန်လ ၁ရက်နေ့တွင် ၇ဦး၊ ဇွန်လ ၂ရက်နေ့တွင် ၅ဦးနှင့် ဇွန်လ ၃ရက်နေ့ နေ့လည် ၂နာရီထိ ခရီးသည် ၅ဦး (ယင်းနေ့အတွက် စာရင်းမပိတ်သေး) ၀င်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ EMG